Part-9

393 59 30
                                        

Unicode

' ဒီနေ့မနက်ခင်းတော့ ကျွန်တော်လန်းဆန်းတက်ကြွစွာနိုးထလာခဲ့သည်...Honey ဘေးနား ကျွန်တော်ရှိ‌ေနရသည်ဆိုသည့် အတွေးနှင့်ပေါ့...
မြန်မြန်ဆန်ဆန်ပဲသားသားရဲ့ ဝေယျာဝစ္စတွေအကုန်လုပ်ပေးပြီးKai ဆီပို့စေကာ Honey ဆီသို့ ထွက်လာခဲ့လိုက်သည် '

"စောင့်နေရတာ ကြာသွားပြီလား? "

"အင်းမကြာသေးပါဘူး "

"အာ့ဆို သွားတော့မလား? "

"မင်းမနက်စာ စားခဲ့ပြီလား ? ငါ ထမင်းကြော်ထားတာ နည်းနည်းပိုနေလို့လေ ကူစားပေးပါလား? "

' မနက်က ထမင်းကြော်နေရင်း သူ့ကို သတိရသွားတာနဲ့ ပိုကြော်ခဲ့လိုက်၏..သူ့အတွက်ပါ ကြော်ထားမှန်းသိလျှင် တစ်မျိူးထင်မှာလဲ စိုးသည်မို့ ကျွန်တော်မုသားသုံးလိုက်ခြင်းပင် '

"Oki လေ ပိုနေတယ်ဆိုတော့လဲ စားပေးရတာပေါ့ "

" Chan ဘယ်လိုလဲ ငါ့လက်ရာ ကောင်းတယ်မလား? "

"အင်း မဆိုးပါဘူး "

(ဘာလဲ ကောင်းရင်ကောင်းတယ်ပေါ့...ဘာမဆိုးပါဘူးလဲ ...ငါထုထည့်လိုက်ရလို့ ရှည်နေတဲ့အရပ်ကြီးတော့ ပုဝင်သွားဦးမယ် )

"KyungSoo စားပြီးရင်လည်း ဆေးသောက်လေ"

" Aww..ဟုတ်သားပဲ ငါမေ့နေလိုက်တာ ..ခုလို သတိပေးလို့ ကျေးဇူးပါပဲ Chan ရာ "

"မလိုပါဘူး ဒါကငါ့အလုပ်ပဲ...ငါ့က မင်းဆီက လခယူထားတာမို့ မင်းကို စောင့်ရှောက်ရမယ့်တာဝန် အပြည့် ငါ့မှာ ရှိတယ် "

(ဒီလူကြီးကဘာလား စကားအကောင်းမပြောတတ်တာလား...တကယ့်ကို လူ့ခွစာကြီးပဲ )

" အင်း အာ့ဆိုလဲ သွားကြမယ် "

##

' Company ရောက်တော့ အခန်းထဲမှာပါ သန်းခေါင်သား ရောက်နေတာ မြင်တော့ ကျွန်တော် မျက်မှောင်ကျုံ့ပြီး ကြည့်လိုက်မိသည် ..သေချာပါတယ် ဒီနေ့လဲ ကျွန်တော် အလုပ်ကောင်းကောင်းလုပ်ရမည်မဟုတ်ပေ '

" KyungSoo Yah....."

' Baekhyun က ကျွန်တော့်အား ပြေးဖက်လာသည်'

"ဘာလဲကွာ မတွေ့ရတဲ့သူ‌ကျနေရောပဲ ...အခုရော ဘာလာလုပ်တာလဲ ? "

" ချည် " (U/Z)Where stories live. Discover now