" အဟင့်...အဟင့် "
'အိပ်နေရင်းကနေ Loeyလေးရဲ့ ငိုသံကြားတော့ Chanyeol ခဗျာ ပျာပျာသလဲလဲ အိပ်ယာမှထကာ
ခေါင်းနားပန်း ကြီးသွားရသည်..ကလေးရဲ့ Ommaဆိုလဲဟုတ်သလို Daddy ဆိုလဲသူပဲမို့
နည်းနည်းတော့ တာဝန်ကြီးတာပေါ့...'
"သားသား ဘာဖြစ်လို့လဲ? ဘယ်နေရာက နေမကောင်းတာလဲ? ကိုယ်လဲ မပူပါဘူး "
" Daddy ...အဟင့်...သားသားခြေထောက်တွေ
ညောင်းနေတာ...အဟင့် "
"ဟေ...သားသားက ဘာတွေများ လုပ်ရလို့ညောင်းရတာတုန်း "
"မသိဘူး Daddy နှိပ်ပေး...ညောင်းလို့ အိပ်မရဘူး"
"ဟုတ်ကဲ့ပါဗျာ...ကျွန်တော်မျိူး နှိပ်ပေးပါ့မယ် "
'တစ်အောင့်ကြာတော့ Loey လေးလဲ အိပ်ပျော်သွားမှ...သူနှိပ်ပေးတာ ရပ်လိုက်ပြီး အိပ်စက်ခြင်းဆီသို့...'
###
" Kai ..မနေ့က မင်း သားသားနဲ့ ဘယ်တွေသွားပြီးဘာတွေလုပ်ကြသေးလဲ? "
' Chanyeol အမေးကြောင့် သူများရိပ်မိသွားပြီလား၊
Loey လေးကများ ပြန်ပြောပြလိုက်လေသလား
ဆိုတဲ့ အတွေးများစွာနဲ့ Kai တစ်ယောက် ငုတ်တုတ်မေ့နေလေသည် '
" Daddy ကလဲ သားသားကဘယ်သွားရမှာလဲ?
သွားတောင် Mini Mart ကလွဲ ဘယ်မ မသွားဘူး "
( တော်သေးတယ် Loey လေး ကယ်ပေလို့ ! မဟုတ်ရင် အလိမ်သိပ်မပိုင်တဲ့ ကျွန်တော့်အတွက်တော့ ရိုက်စစ်သလို ပါးစပ်ကနေအမှန်အတိုင်း ထွက်သွားလိမ့်မည် )
" သားသားကလဲ ဦးဦး Kai မေးတာလေ ၊ သားသားမေးလို့လား ? "
"ဦးဦး Kai လဲ ဒီအဖြေ ၊ သားသားလဲ ဒီအဖြေပဲ ဖြေမယ့်ဟာကို...လာဈေးဆစ်နေတယ် "
"ဟားးးးငါ့မင်းသားလေးက တတ်လိုက်တဲ့စကား"
"ညကလဲကွာ အိပ်နေရင်းက ထငိုလို့ ငါ့မှာ အတော်လန့်သွားတာ ၊ ပြီးကျ ညောင်းလို့ နှိပ်ခိုင်းတာတဲ့ ၊
တနေကုန် အလုပ်လုပ်နေရတဲ့ငါက မညောင်းရဘူး "
"မင်း သားက တကယ့် လူလည်လေးပါကွာ "
" သိပ်မဆော့စေနဲ့ Kai ရေ...ငါညတိုင်းတော့ ပြုစုမပေးနိုင်ဘူး...ဘယ်နှယ့်ကွာ..."
