Unicode
' ပြတင်းပေါက်မှ တိုးဝင်လာသည့်နေရောင်ခြည်သည် မျက်နှာပေါ်သို့ ဖြာကျလာ၏..
မဖွင့်ချင် ဖွင့်ချင်နှင့် မျက်လုံးဖွင့်ကြည့်လိုက်တော့
အိမ်အပြင်အဆင်အရ ကျွန်တော့်အိပ်ယာ၊ ကျွန်တော့်အခန်း မဟုတ်ဘူးဆိုတာ သိလိုက်ရသည်...
သေချာတာကတော့ Honey တိုက်ခန်းပဲ ဖြစ်လောက်သည်ထင်ပါသည်...မျက်နှာသစ်ပြီးတာနဲ့ တစ်ပြိုင်နက် အခန်းအပြင်ထွက်လာလိုက်သည်...
ထို့နောက် ဟင်းချက်အမွှေးအကြိုင်တို့ သင်းကြိုင်နေသည့်အတွက် အနံ့၏ဆွဲဆောင်ရာ Kitchen ထဲ ရောက်လာခဲ့သည်...ဟော...တွေ့ပါပြီ Apron လေးဝတ်ကာ ချက်ပြုတ်နေသည့် ကျွန်တော်၏ ချစ်ရသူလေး...'
" KyungSoo ဘာတွေချက်နေတာလဲ ? "
" Aww...Chan..နိုးလာပြီလား?လာ ထိုင်လေ..
ငါမင်းအတွက် ပဲပင်ပေါက်ဟင်းရည် ချက်ထားတယ်...မင်း ညက အတော်သောက်နိုင်တာပဲ "
" Hee...ဟုတ်လား? ငါဘာမှ မမှတ်မိတော့ဘူး"
" ကောင်းပါတယ် မမှတ်မိတာပဲ "
" ဘာလို့လဲ ? ငါတစ်ခုခု အပြစ်များ လုပ်လိုက်မိလို့လား? "
"မဟုတ်ပါဘူး ..စားစရာရှိတာစား "
"ဒါနဲ့ သားသားရော "
" သူ့ အမေလာခေါ်သွားတယ် "
' ထိုအသံကြားလျှင် Chan ဘယ်လိုပြန်ပြီး တုံ့ပြန်မလဲဆိုတာ သိချင်သည်နှင့် ကျွန်တော် ပြောလိုက်ခြင်းပင် '
"ဟမ် "
" သူ့အမေလာခေါ်သွားပါတယ်ဆို "
"မဟုတ်တာ ၊ သားသားမှာ အမေမှ မရှိတာ ဟားးးဟားး... KyungSoo ကလဲ အတည်ပေါက် နောက်တတ်တာပဲ "
"မဖြစ်နိုင်တာ...အမေမရှိ ကလေးက ဘယ်လိုလုပ်
မွေးလို့ရမှာလဲ? ကလေးက အခုလုပ် အခုရတဲ့ လက်လုပ်ပစ္စည်းလဲ မဟုတ် "
" လက်လုပ်ပစ္စည်း မဟုတ်ပေမယ့် လူလုပ်လို့
ရလာတာပဲလေ လူလုပ်ပစ္စည်းပေါ့ "
" Chan ဘာတွေ လာပြောနေမှန်းလဲ မသိဘူး စောစောစီးစီး "
" ကိုယ် ပြောတာ မဟုတ်လို့လား? "
(အမယ်လေး ကိုယ်တဲ့လား Chanyeol ရေ သေလိုက်ပါတော့...မထူးပါဘူး ချော်လဲ ရောထိုင် လိုက်ရုံပေါ့)
