Part-16

402 69 27
                                        


Unicode

'မနက်ခင်း နိုးလာသည်နှင့်အမျှ ရင်ဘက်ပေါ်မှာ
လေးလံနေသည့် အရာကို ကျွန်တော်ခံစားမိသည်...
ဒါကတော့ တစ်ခြားမဟုတ်ပါဘူး
သားသား၏ခြေထောက်က ကျွန်တော့်
ရင်ဘက်ပေါ် ခွထားခြင်ပင်...
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကား
ပိုပြီးချစ်ဖို့‌တောင် ကောင်းနေသေးသည်...
သားသားကို ကျော်ပြီး ကို့ ကို လှမ်းကြည့်လိုက်တော့
ကိုကလဲ မနိုးသေးပေ...'

'ကျွန်တော်လဲ ရင်ဘက်ပေါ်မှာ သားသားခြေထောက်ကို ဖွဖွလေးဖယ်ကာ မျက်နှာသစ်ရန်
ရေချိူးခန်းထဲသို့ ဝင်လာလိုက်သည်..

သူတို့မနိုးခင် မနက်စာအတွက် အချိန်မှီ
ပြင်ဆင်နေရင်းမှာပင်
အနောက်မှ သိုင်းဖက်ခြင်းကို ခံလိုက်ရသည်'

" အချစ် ဘာတွေလုပ်နေတာလဲ? "

" ထွေထွေထူးထူးတော့ မဟုတ်ပါဘူး
မနက်စာ ပြင်နေတာလေ ကိုရဲ့ "

" အင်း..ကိုယ်တို့ ရောက်လာတာ အချစ်လဲ
ပင်ပန်းနေမှာပဲ "

" မပင်ပန်းပါဘူး ၊ အချစ်က ပိုပြီးတောင်
ပျော်နေသေး၊ မဟုတ်ရင် အချစ်တစ်ယောက်တည်း
အိမ်က ခြောက်ကပ်ကပ်နဲ့ "

" ဒီတိုင်းလေးကျ အချစ်က အိမ်ရှင်မလေး
ကျနေရောပဲ "

" ဘာအိမ်ရှင်မလဲ? သူများကို "

"စတာ စတာ ...ကိုယ့်ကို Morning Kiss လေး
ပေးပါဦး "

ခြေဖျားလေးထောက်ကာ ကို့ရဲ့ နှုတ်ခမ်းလေးကို
လှမ်းနမ်းလိုက်သည်...

"ပြွက်စ် "

'ကျွန်တော် လှမ်းအနမ်းမှာပဲ ကိုက ကျွန်တော့်နှုတ်ခမ်းတစ်ခုလုံးကို အလွတ်မပေးဘဲ
ဆွဲစုပ်ယူသည်...
ကျွန်တော် သူ့ရင်ဘက်ကို တဘုန်းဘုန်းထုသည်
တောင်မှ သူအလွတ်မပေးဘဲ ကျွန်တော့်
နှုတ်ခမ်းကို ချိူမြိန်စွာ သုံးဆောင်နေဆဲပဲ...
ကျွန်တော်လဲ သူ၏ပခုံးကို သိုင်းဖက်လိုက်ကာ
ပြန်လည်တုံ့ပြန်လိုက်သည်...

နောက်တော့ သူလဲအားမရစွာဖြင့် ကျွန်တော့်
ကိုယ်လုံးလေးအား စွေ့ခနဲ ကောက်ချီကာ
စားပွဲခုံပေါ်သို့ တင်လိုက်သည်...အနမ်းတွေကတော့ အခုထိ မြိန်ရှက်စွာ သုံးဆောင်နေဆဲပါပဲ...
နှစ်ယောက်သား အောက်စီဂျင်များ
ပြတ်လပ်တော့သည့်တိုင်အောင်
အနမ်းမိုးများမစဲကြသေးပေ...'

" ချည် " (U/Z)Where stories live. Discover now