Unicode
(အစကတော့ Phone ထဲကနေ လှမ်းမေးမလို့ပါပဲ...ဒါမယ့် လူချင်းတွေ့ပြီးမေးရင် ပိုကောင်းမယ် ထင်လို့ ကျွန်တော် Chanyeol ဆိုင်ကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်တော့တယ် )
" Baekhyun ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ?"
"ငါ မင်းနဲ့ စကားနည်းနည်း ပြောချင်လို့ "
" ဘာပြောမှာလဲ ? အခုက ငါ့အလုပ်ချိန်ကြီးလေကွာ
သူဌေးက ငါ့ကို ဆူနေလိမ့်မယ် "
"ခနလေးလောက် အချိန်ပေးကွာ..
ငါ မေးမှကို ဖြစ်မှာ ၊ ငါ စိတ်ထင့်နေတာလေးရှိလို့"
"ကဲ မေးကွာ ၊ ဘာမေးမှာလဲ ? "
" မင်းလဲ အလုပ်တစ်ဖက်နဲ့ဆိုတော့ ငါသွယ်ဝိုက်မနေတော့ပါဘူး...Loey ဆိုတဲ့ကလေးက ဘယ်သူနဲ့ရတဲ့ ကလေးလဲ?"
" မင်း က သိတော့ရော ဘာလုပ်မှာလဲ? "
"ကလေးကရော သူ့အမေ ဘယ်သူလဲ ဆိုတာ သိရဲ့လား?"
" သိစရာလဲ မလိုဘူး...င့ါသားကို ငါ့ဘာငါ စောင့်ရှောက်နိုင်တယ်..."
" Chanyeol ငါတွေးထားသလိုတော့ မဖြစ်လောက်ပါဘူးနော် "
" Baekhyun ငါ့အချိန်တွေ သိပ်ပိုမနေဘူးကွာ...မင်းလာမေးတာက ဒီအကြောင်းဆိုရင် မင်းလာလမ်းအတိုင်း လှည့်သာပြန်လိုက်တော့ "
(ဘေးဘီကို သတိမထားမိဘဲ ကျွန်တော်
စိတ်ပေါက်ပေါက်နဲ့ အော်ထည့်လိုက်မိတော့
ဘေးဝိုင်းက Customer တွေမျက်လုံးက ကျွန်တော်တို့နှစ်ယောက် ရှိတဲ့စားပွဲဝိုင်းကို ရောက်လာကြသည်)
" Sorry Baekhyun .ငါနည်းနည်းလွန်သွားတယ် "
"ရပါတယ်...ငါနားလည်ပေးနိုင်ပါတယ်...မင်းလဲ
လုပ်စရာ ရှိတာလုပ်လေ...ငါပြန်လိုက်ဦးမယ်"
##
" Hello "
" KyungSoo ...Hyunee မင်းဆီမှာရှိလား? "
"မရှိဘူးလေ...ဘာလို့လဲ မင်းတို့ စကားများထားကြတာလား? "
" မဟုတ်ပါဘူး...မနက်က သွားစရာရှိလို့ဆိုပြီး ထွက်သွားတာ အခု Phoneဆက်တော့ မကိုင်ဘူးကွာ "
"မင်းက လိုက်မပို့လို့ စိတ်ဆိုးတာနေမှာပေါ့ "
"မဟုတ်ဘူး ငါလိုက်ပို့မယ် ပြောတာကို သူက လက်မခံဘူး "
