Unicode
'ဒီနေ့ကတော့ သားသားက Baekhyun
တို့အိမ်ကနေ ပြန်လာမည့်နေ့ပင်...
ညတည်းက သားသားက
ငိုကြီးချက်မနဲ့ Phone ဆက်လာသည် ...
အကြောင်းရင်းကတော့ သူ့ Daddy နဲ့ မတွေ့ရတဲ့
၃ရက်အတောအတွင်း လွမ်းလာလို့ပါတဲ့ ...
Inn...ငယ်ငယ်လေးကတည်းက သူ့ Daddy တစ်ယောက်တည်းကပဲ ကျွေးမွေးစောင့်ရှောက်ပေးတာမို့ သူ့တစ်ယောက်တည်းကိုပဲ ခင်တွယ်သည်ကား
အမှားမဟုတ်ပေ...'
" ကို အချစ်ဒီနေ့ အလုပ်မသွားချင်ပြန်ဘူး "
'မျက်နှာသစ်ပြီး ရေချိူးခန်းထဲကနေ ထွက်လာသည့်
ကျွန်တော့် အား အချစ်က ကုတင်ဘောင်ကို
မှီထိုင်နေရင်းကနေ ဆိုးနွဲ့စွာ ပြောလာသည် '
" အချစ်ရယ် မနေ့ကလဲ မသွားဘူးလေကွာ ၊
တော်ကြာမှဖြင့် အချစ်ရဲ့ ဝန်ထမ်းတွေက
ကိုယ့် သူ့ဌေးကို မမှတ်မိပဲ နေနေပါဦးမယ် "
"ဟင့်အင်း အချစ်မသွားချင်ဘူးဆို "
'ကျွန်တော် အချစ်ရဲ့ အနားသွားကာ ကုတင်ဘေးတွင်
ဝင်ထိုင်လိုက်ပြီး သူ့ရဲ့ နဖူးလေးအား စမ်းကြည့်လိုက်သည်'
" မှန်းစမ်း ၊ ကိုယ့်အချစ် နေမကောင်းဘူးလား ?
ကိုယ်လဲ မပူပါဘူး ၊ ကိုယ့်အချစ်လေး ဘာတွေ
ဘဝင်မကျနေတာလဲ ?"
" မသိဘူး ၊ မသွားချင်ပါဘူးဆို "
' ရင်ခွင်ထဲ အကောင်ပေါက်လေးကို တိုးဝေ့ကာ
ခါးကိုဖက်ထားသည့် အချစ်လေးအား
အူယားလွန်းလို့ ဆွဲစားချင်စိတ်က တဖွားဖွား '
" အချစ်ရာ ကိုယ်အူယားလာပြီနော် "
"အူယားရင် ကုတ်ပေါ့ ဟွန့်..ညကကျ ငါ့တောင်အရေးမလုပ်ဘဲ သိုးနေအောင် အိပ်ပြနေလိုက်တာ "
" ခွီး "
' ကျွန်တော် ခွီးကနဲ ထရယ်မိသည် ၊
ကျွန်တော့် ချစ်သူလေးက ဒါကြောင့် ဂျစ်နေတာကိုး..
တကယ်တော့ ကျွန်တော် သူ့ကို ညှာတာပါ..
ဟိုနေ့ညက သူအရမ်းနာထားသည်လေ
ဒါကြောင့် ကျွန်တော် ညက သူ့နားပင်မကပ်ခဲ့ပေ ၊
သူအနားကပ်မိတာနှင့် တစ်ပြိုင်နက် ကျွန်တော့်စိတ်
ကျွန်တော် မထိန်းချူပ်နိုင်ဘူးဆိုတာ ကောင်းကောင်း
သိသည်မို့...'
