#1 Death Bed

4.5K 250 9
                                    

For Unicode

♪Death Bed♪
~~~~~~~~~~~

ခေါင်မိုးထပ်အခန်းလေးရဲ့ပြတင်းပေါက်မှာတပ်ဆင်ထားတဲ့လိုက်ကာလေးကိုလှပ်ကာကြည့်ရင်
မိုးရွာထားတာကြောင့်မြေသင်းနံ့ခပ်သင်းသင်းကိုရလိမ့်မယ်
သေချာအာရုံစူးစိုက်ကြည့်မယ်ဆိုအိမ်ရှေ့မှာရှိတဲ့သစ်ပင်ကြီးရဲ့သစ်ရွက်တွေမှာတွဲခိုနေတဲ့ရေစက်လေးတွေကိုတွေ့ရလိမ့်မယ်
သပ်သပ်ရပ်ရပ်ရှိလှတဲ့ရပ်ကွက်လေးမှာလူသွားလူလာနည်းပေမယ့်ဖြတ်သွားဖြတ်လာစက်ဘီးလေးတွေကိုတော့တွေ့ရလိမ့်မယ်

အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့ကောင်းကင်ကလတ်ဆတ်မှုဆိုတဲ့စိတ်အစား
ညစ်ညူးညူးစိတ်ကိုသာဖြစ်စေတတ်တာ
မြေသင်းနံ့ဆိုတာကိုလည်းကဗျာတစ်ပုဒ်လိုတင်စားကာကြိုက်နှစ်သက်တဲ့သူမဟုတ်တော့ခေါင်းထဲနောက်ကျိကျိဖြစ်စေရုံအပြင်ဘာမှမပိုပြန်ဘူး
ခေါင်းကြည်စေရန်လက်ထဲကဘလက်ကော်ဖီကိုတစ်ငုံမော့လိုက်သည် ထို့နောက်တော့ဒီညနေမှာဘာလုပ်ရင်ကောင်းမလဲဟုအကြံထုတ်ရင်း။

လန်ဒန်ရောက်တည်းကအိမ်တွင်းအောင်းနေရတာလူကညည်းစီစီနိုင်လှပြီ
ဟိုမှာနေတုန်းကနေ့တစ်ပိုင်းပြည့်အောင်အိမ်မကပ်တဲ့သူအတွက်ဒီလောက်နှိပ်စက်ရတော်ရောပေါ့
ပထမနှစ်ရက်လောက်ကအပြင်သွားရသေးသည်
နောက်တော့တစ်နေ့တာကဘာလုပ်ဖြစ်လို့လဲ
နေမြင့်မှအိပ်ရာတယ် ရေချိုးတယ် နေ့လည်စာစားတယ် Game ဆော့တယ် ပြန်အိပ်တယ် ပြန်စားတယ် ပြန်ဆော့တယ်
ဒါနဲ့ပဲလည်ပတ်နေရတာ စိတ်ပျက်စရာကောင်းတာထက်ပိုနေပြီ

"Hyung ကျွန်တော်အပြင်သွားမလို့"

လှေကားကနေပြေးဆင်းလာကာပြောတော့
TV ရှေ့မှာထိုင်နေတဲ့ NamJoon Hyung နဲ့ Jin Hyung ကလှည့်ကြည့်လာကာ
ထုံးစံအတိုင်းလှည့်ကြည့်ပြီးရင်ပွားဖို့ပဲကျန်တာပေါ့

"ဘာသွားလုပ်ဦးမှာလဲ မင်းကိုဒီကိုလာဖို့ကြိုခေါ်မိတာမှားပြီထင်တယ်
ဒီမှာမနေဘူးလို့အတင်းငြင်းနေတဲ့ကိစ္စကမပြီးသေးဘူး
ဘာပြဿနာရှာဦးမှာလဲ ငါတို့မင်္ဂလာဆောင်အတွက်မလုပ်ရဘူး
မင်းတစ်ယောက်တည်းနဲ့ပြဿနာမျိုးစုံလိုက်ရှင်းနေရတယ်"

DEATH BED || ᴄᴏᴍᴘʟᴇᴛᴇᴅ ||Where stories live. Discover now