#8 I don't wanna pass away

722 144 28
                                    

Unicode

♪I don't wanna pass away ♪
~~~~~~~~~~~~~~~~~~~~~~~~

ချစ်နေပါလျှက်နှင့် ပေကပ်နေတဲ့သူလေးဆီက ချစ်တယ်ဆိုတဲ့စကားလေးကြားရဖို့အရေးစောင့်ခဲ့ရတာတစ်ကယ့်ကိုအကြာကြီးလို
Korea ကိုပြန်လာချိန်မှာတွေးမိတာဟာ Hyung ဆီကခွင့်ပြုချက်ရထားတဲ့သုံးလကုန်ဖို့သိပ်မလိုတော့တာပဲ
သူပြန်တဲ့အချိန်နဲ့ဆိုရက်ပိုင်းလောက်သာကျန်တော့မှာ
အဲ့ဒီအချိန်မှာစိုးရိမ်စိတ်တွေစပြီးဝင်လာတယ်.... Hyung ကသူ့ကိုတစ်ကယ်များထွက်သွားခိုင်းမှာလားဆိုပြီး ...
"အနားကထွက်သွားပေးပါ " ဆိုတဲ့စကားကိုနောက်တစ်ကြိမ်ပြန်ကြားရရင် သူ့ရင်တွေစုတ်ပြတ်သွားနိုင်သည့်အခြေအနေမှာရှိနေသည်လေ
ချစ်တတ်လာတည်းက ဒီလူသားနားမှာရခဲ့တဲ့နေရာလေးမှာပဲတွယ်ကပ်နေချင်တဲ့အတ္တလေးဟာ တစ်နေ့ထက်တစ်နေ့ထုထည်ကြီးမားလာခဲ့တာ

အတိမ်အနက်ခန့်မှန်းရခက်တဲ့ Hyung မျက်ဝန်းတွေထဲမှာ အချစ်တွေကိုတော့ဖောဖောသီသီတွေ့ခဲ့တာပဲ ... လူဆိုးလေး Hyung ကပေကပ်ကပ်ရယ်... ဝန်ခံဖို့အရေး အမြဲတမ်းကိုပေကပ်နေခဲ့တာ
တစ်ကယ်တမ်းကြားလိုက်ရတဲ့အချိန်မှာ ကိုယ့်နားကိုယ်တောင်သိပ်မယုံချင်တော့ပေ... အဲ့ဒီညတုန်းကဆို တစ်ညလုံးအိပ်မရခဲ့
နောက်တစ်နေ့မှာလည်းစိတ်နဲ့လူနဲ့မကပ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာတစ်ချို့တောင်အဆစ်ရခဲ့သေးသည်
ချက်ချင်းပြန်လိုက်ချင်ပေမယ့်လို့ တစ်ကယ်တမ်းမှာတော့ထင်သလိုမလွယ်တာကြောင့် စိတ်ကိုမနည်းထိန်းချုပ်နေရသည်

စိတ်ကူးအိပ်မက်လေးတွေလက်တွေ့ဖြစ်လာတော့မှာပါလားဆိုတဲ့ခံစားချက်လေးကိုပထမဆုံးခံစားဖူးတဲ့အခါ... Hyung ကိုလွမ်းတဲ့အလွမ်းတွေနဲ့ပေါင်းပြီး စိတ်ကူးတွေသာလှိမ့်ယဥ်မိတော့တာပဲ
Hyung စိတ်ကိုသေချာမသိတဲ့သူ့အနေနဲ့ Hyung ကရော သူနဲ့နှစ်ယောက်အတူရှေ့ဆက်မယ့်အနာဂါတ်ငယ်ကိုဘယ်လိုလေးစိတ်ကူးယဥ်မှာလဲ ဘယ်လိုလက်ထပ်ပွဲလေးလုပ်ချင်လဲ ဘယ်လိုနေရာလေးမှာနေချင်လဲ သူနဲ့ပတ်သတ်ပြီးဘာစိတ်ကူးလေးတွေရှိမလဲ
အသက်တွေအကြီးတဲ့အထိအတူနေကြရင်ရောအရမ်းပျော်စရာကောင်းမှာ
စသဖြင့် မေးခွန်းတွေအများကြီးထုတ် ....
သိပ်လှတဲ့စိတ်ကူးလေးတွေကိုတစ်ယောက်တည်းပုံဖော်နေမိသည်

DEATH BED || ᴄᴏᴍᴘʟᴇᴛᴇᴅ ||Where stories live. Discover now