#9 I'm not perfect

831 147 63
                                    

Unicode

♪You know that I'm not perfect ♪
~~~~~~~~~~~~~~~~~~~~~~~~~~~~

ညတွေကမှောင်မည်းအေးစက်နေတယ်
ကိုယ့်ကိုကိုယ်တောင်တဖြည်းဖြည်းအရောင်မှိန်ကာပျောက်ကွယ်လာတော့မယ်လို့ထင်တဲ့အထိ စိတ်နဲ့လူနဲ့မကပ်...
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ တစ်ချက်တစ်ချက်များအသံသေးသေးလေးတွေဟိုဟိုဒီဒီကထွက်လာချိန်တွေဆို ကိုယ်လုံးလေးဆတ်ခနဲတုန်တက်သွားသည်အထိလန့်သွားတတ်သည်
ဘယ်လောက်အထိတိတ်ဆိတ်နေလဲဆို Kitchen ထဲကဘေစင်ဆီက ရေကျသံတတောက်တောက်ကို အိပ်ခန်းထဲကကြားရတဲ့အထိ
တိတ်ဆိတ်နေတာကိုမုန်းတယ်... ဒါကိုတနည်းခေါ်ရရင်အထီးကျန်ခြင်းလား
စောင်ခြုံထားတာတောင်ချမ်းနေသေးတာကြောင့် ခန္ဓာကိုယ်ကိုကြုံ့နိုင်သမျှကြုံ့ပေမယ့်လည်းထင်သလိုနွေးမလာပေ
အင်း...မြတ်နိုးရာလေးရဲ့ရင်ခွင်ဆိုနွေးနေမှာအသေအချာပဲ
အချိန်တိုင်းကိုသတိရနေတဲ့စိတ်ကိုထိန်းချုပ်မရတာလည်းရောဂါတစ်မျိုးဆိုရင် Jung Hoseok ကရောဂါကျွမ်းနေပြီးပြီ

အိပ်မပျော်တာတွေများလာတာနဲ့အမျှ ခန္ဓာကိုယ်ကအားအင်တွေလည်းဆုတ်ယုတ်လာသလို... အစားလည်းမဝင်တာကြောင့် ခြေထောက်တွေကယိုင်နဲ့နဲ့.... ဖြစ်နိုင်ရင်မြန်မြန်ခေါ်သွားကြပါတော့
ဝေဒနာတွေခံစားနေရတာထက် ထိုကောင်လေးကိုလွမ်းရတဲ့ဒဏ်ကပိုဆိုးနေတယ်... ခုတင်ပေါ်ကထကာ ခြေချမိတော့ကြမ်းပြင်ဟာလည်းအေးစက်စက်... အသည်းပျက်စီးတဲ့ဒဏ်နဲ့ ရောင်ဖောင်းနေတဲ့ခြေထောက်လေးတွေဟာ တစ်လှမ်းတိုးတိုင်းတစ်ချက်နာသည် ။
လိုက်ကာဆွဲဖွင့်ရင်းကောင်းကင်ကိုငေးတော့လည်း ကံတရားဟာသူ့ကိုမျက်နှာသာမပေးလိုက်ပုံများ
ကြယ်ရောင်မရှိတဲ့ကောင်းကင်ဟာ သူကြည့်လိုက်တဲ့အခိုက်အတန့်မှာပဲ မိုးစက်မိုးပေါက်တွေရွာချတော့သည်

ထိုမိုးရေတွေကိုတော့ဆက်ကြည့်ချင်စိတ်မရှိတာကြောင့် လိုက်ကာဆွဲပိတ်ဖို့လုပ်တုန်း တိုက်အောက်ဆီအကြည့်ရောက်တော့ ထီးအနီရောင်လေးနဲ့လူတစ်ယောက်.... အလန့်တကြားသေချာကြည့်မိတော့သူ့မျက်ဝန်းတွေပိုမိုပြူးကျယ်ကုန်သည်

TaeHyung လား....မိုးရေတွေထဲမှာ.................

အခန်းထဲကပြေးထွက်ရင်း ခုဏကနာနေပါတယ်ဆိုတဲ့ခြေထောက်ကိုလည်းသတိမထားနိုင်တော့ဘဲ လှေကားထစ်တွေကိုတောင်ကျော်နင်းရင်းနဲ့ပဲ တိုက်အောက်ဆီကိုရောက်တော့ ခုဏနေရာလေးမှာဘယ်သူမှမရှိ
ဖိနပ်ပါးပါးလေးတောင်မကပ်တဲ့ခြေထောက်လေးတွေဟာနီရဲလို့
မိုးစက်မိုးပေါက်တွေကတော့သူ့အပေါ်ကိုအညှိုးတကြီးရွာချသည်

DEATH BED || ᴄᴏᴍᴘʟᴇᴛᴇᴅ ||Where stories live. Discover now