#6 Sing me song asleep

807 143 13
                                    

Unicode

♪Sing me song asleep♪
~~~~~~~~~~~~~~~~~~~~

အချိန်အားဖြင့် ညဆယ်နာရီထိုးလို့နေပြီ...သူအခုထိခုတင် ထက်တွင်လူးလှိမ်းကာအိပ်လို့မပျော်နိုင်သေးပါ
နားထဲတွင်ကြားနေသောနာရီသံတချပ်ချပ်ကတောင်လူကိုအတော်လေးအနှောက်အယှက်ပေးနေသည်... ထို့အပြင်ရွာချလာသောမိုးသံကြောင့်အိပ်ပျော်ဖို့ဆိုတာပိုလို့ပင်မဖြစ်နိုင်တော့ချေ
ခုတင်ဘေးကခုံပေါ်တွင်တင်ထားသော အိပ်ဆေးဗူးအားလှမ်းယူပြီးကာမှ သူဒီညအတွက်နှစ်လုံးတောင်သောက်ပြီးတာကိုသတိရကာ အလွံအကျွံမသောက်သင့်တာကြောင့်ပြန်တင်ထားလိုက်သည်

ထို့နောက်ဖုန်းကိုယူကာ TaeHyung ဆီဆက်ကြည့်ပေမယ့်မကိုင်တာကြောင့်ခုတင်ထောင့်ဆီလွှင့်ပစ်လိုက်သည်
အခါတိုင်းလိုသာဆို TaeHyung ကဘေးကနေပြီးသူမပျင်းရအောင်စကားတွေတွတ်ထိုးနေအောင်ပြောပေးတတ်ပေမယ့် ထိုအခွင့်အရေးရတာကလည်း ရက်အကန့်အသတ်နဲ့သာ... ဖြစ်နိုင်ရင် ထိုကောင်လေးကိုအနားမှာအမြဲထားချင်တာ ... ဒီလိုတွေးလို့ Jung Hoseok ကိုလောဘကြီးတဲ့သူပဲလို့သတ်မှတ်ရင်လည်းခံရမှာပဲ TaeHyung နဲ့ပတ်သတ်ရင် အတောမသတ်နိုင်တဲ့လောဘတွေ အတ္တတွေကဘယ်ချောင်ကထွက်လာမှန်းမသိအောင် မကုန်နိုင်မခမ်းနိုင် ပေါ်လာတတ်တာ
ဘယ်လိုပဲတားဆီးဖို့ကြိုးစားပါစေ ထိုကောင်လေးအားလိုအပ်ဆဲ
အထီးကျန်နေတဲ့လူကသူခင်တွယ်တဲ့လူရှိလာရင်အနားမှာအမြဲထားချင်နေတတ်တာသဘာဝပဲလေ

သည်းကြီးမည်းကြီးနဲ့ အညှိုးကြီးစွာရွာချနေသောမိုးက သူ့ရဲ့ဝမ်းနည်းတဲ့စိတ်တွေကိုအားပေးအားမြှောက်ပြုနေသယောင်
အိပ်လို့မပျော်တာရော ညစာလည်းမစားရသေးတာကြောင့် kitchen ထဲဝင်ကာ ရေခဲသေတ္တာထဲမှာထည့်ထားတာအသင့်ရှိသော ဖျော်ထားတဲ့ဂျုံနဲ့ပဲ Pancake လုပ်ဖို့ပြင်လိုက်သည်

စားချင်စဖွယ် Pancake ခပ်ကြီးကြီးသုံးချပ်ထပ်ထားတဲ့အပေါ်ကို ထောပတ်အတုံးသေးသေးလေးလှီးတင်ကာ ပျားရည်အနည်းငယ်စမ်းလိုက်သည် ။ ထို့နောက်နွားနို့ပူပူလေးတစ်ခွက်နဲ့ snack ထုပ်တစ်ချို့ကိုပါကိုင်ကာဧည့်ခန်းက Sofa ဆီကိုပြန်ထွက်လာပြီး Tv ဖွင့်ကာလိုင်းပေါင်းစုံပြောင်းရင်း romance movie တစ်ခုလာနေသော Channel တွင်ရပ်လိုက်သည် ။
အချိန်အတော်ကြာပြီးတဲ့အထိ သူ့ရှေ့မှာချထားတဲ့ Pancake လေးဟာအရာတောင်မယွင်းသေးသလို ယူလာတည်းက စားပေါ်ပွဲတွင်တင်ထားလိုက်သော Snack ထုပ်များမှာလည်းသူ့နေရာနှင့်သူနေသားတကျ...
သူ့ဟာနဲ့သူစားချင်စဖွယ်ရှိပေမယ့် ဆေးအပြင်းတွေသာအမြဲသောက်နေရသူအတွက် ဘယ်အစားအသောက်ကမှခံတွင်းမတွေ့တာအချိန်အတော်လေးကြာနေခဲ့ပြီ

DEATH BED || ᴄᴏᴍᴘʟᴇᴛᴇᴅ ||Where stories live. Discover now