#7 I try to do my best

766 136 32
                                    

Unicode

♪I try to do my best ♪
~~~~~~~~~~~~~~~~~~~~

"ဘယ်ကိုသွားမှာလဲ "

".........."

"ဘယ်ကိုလဲလို့မေးနေတယ်လေဗျာ "

"Hyung သွားမှရမှာ "

အဖြူရောင်ခုတင်အကျယ်ကြီးထက်မှာထိုင်နေတဲ့ Hyung ကသူ့ဘက်ကိုလှည့်လာကာဖြေသည်

"ဘယ်ကိုလဲလို့ Hyungie~~~ "

တစ်စတစ်စပျောက်ကွယ်လာသောပုံရိပ်ငယ် ~~~
သူတွေ့နေရတဲ့ Hyung က အဖြူရောင်လွင့်လွင့်လေးကိုဝတ်ဆင်ထားကာ သိပ်လှနေသလို အခါတိုင်းထက်ပိုတောက်ပလို့
သို့ပေမယ့်လို့ မှုန်ဝါးကာအရောင်လွင့်တာနဲ့အမျှ သူ့ရင်တွေလည်းနာကျင်လာသည်... နှလုံးသားထဲကတစ်ခုခုကိုအစိမ်းသက်သက်ဆွဲထုတ်နေသလိုမျိုးနာကျင်လွန်းသည်
မသွားစေရန်ဖမ်းဆွဲထားချင်သော်လည်း ထိုပုံရိပ်လေးဟာသူ့လက်ထဲကိုပါမလာ ထိတွေ့လို့မရ ... ဆွဲထားလို့မရနှင့် ....
နာကျင်စွာစို့တက်လာသောမျက်ရည်တို့ဟာ ပါးပြင်နှစ်ဖက်စလုံးမှာပြည့်နှက်စွာ.... ငိုကြွေးတယ် အော်ဟစ်တားမြစ်တယ်
သို့သော် Hyung မျက်နှာပေါ်မှာတော့ သူမြတ်နိုးသောသိပ်လှတဲ့အပြုံးလေးကလွဲပြီး ပကတိငြိမ်သက်လျှက်

"မသွားပါနဲ့ မရဘူး ဟင့်အင်း ~~~
ကျေးဇူးပြုပြီးအဲ့လိုမလုပ်ပါနဲ့ ကျွန်တော်ရှာလို့မတွေ့တဲ့နေရာကိုသွားပြီးပုန်းနေဖို့မကြိုးစားချင်ပါနဲ့ Hyung နောက်ကိုမရရအောင်လိုက်လာမှာ "

"Tae လေးကလိမ်မာပါတယ်ကွာ......."

Tae လေး ... သိပ်ခေါ်စေချင်တဲ့နာမ်စားလေး
Hyung ကဘာလို့ခေါ်နေတာလဲ... ဘယ်တော့မှမခေါ်ဘူးဆို

"နှုတ်ဆက်ဖို့လေ Hyung ရဲ့ Tae လေးကိုနှုတ်ဆက်ချိန်ကျမှခေါ်မှာမို့ အမြဲတမ်းမခေါ်ဘဲနေခဲ့တာ "

သူ့အတွေးတွေကိုကြားနေသလို ထုတ်မပြောပါဘဲသိနေသလို Hyung ကအဖြေပေးသည် ....

"မဟုတ်ဘူး မသွားရဘူး နှုတ်မဆက်နဲ့ ခွင့်မပြုဘူး "

"-----ကလေးငယ် "

ပြင်းထန်စွာတိုက်ခတ်လာသောလေတွေကြောင့် Hyung ပြောသော တိုးညှင်းလှသည့်အသံလေးကိုသူမကြားရပေ
နှုတ်ခမ်းလွှာလေးများလှုပ်နေတာကိုကြည့်ခြင်းအားဖြင့်တော့ Hyung ကသူ့ကိုချစ်တယ်ဆိုသောစကားကိုပြောလိုက်တာ ...

DEATH BED || ᴄᴏᴍᴘʟᴇᴛᴇᴅ ||Where stories live. Discover now