#3 Happy you are mine

1.1K 174 17
                                    

Unicode

♪ Happy you are mine ♪
~~~~~~~~~~~~~~~~~~~

လန်ဒန်မြို့၏မနက်ခင်းသည် အခါတိုင်းလို မိုးအေအေးလေးနှင့်သာ
Hoseok အိပ်ရာနိုးချိန်တွင် မနက်ရှစ်နာရီသာရှိသေးသည်
ဘေးနားတွင်ကွေးကွေးလေးအိပ်ပျော်နေသောကောင်လေးအားမြင်တော့
သူကန်ချထားပုံရသောစောင်အားထိုကောင်လေးပေါ်သို့လွှမ်းခြုံပေးရင်း ကိုယ်လက်သန့်စင်ရန်ရေချိုးခန်းသို့ဝင်ခဲ့လိုက်သည်

မနေ့ညကအဖြစ်အားပြန်တွေးကြည့်လျှင် အခြေအနေဟာအတော်လေးမြန်ဆန်ပါရဲ့ ။ TaeHyung နှင့်စတွေ့တည်းက သူ့အပေါ်စိတ်ဝင်စားသည့်အမူအရာများသည် TaeHyung မျက်နှာပေါ်တွင်အတိုင်းသားပေါ်လို့
ထိုကောင်လေးနှင့်ဆုံတွေ့မှုဟာ တစ်ရက်တာပဲရှိသေးသော်လည်း တွဲဖို့ဆုံးဖြတ်ခဲ့တာမှန်လားမှားလားဆိုတာကိုတော့မစဥ်းစားချင်တော့ပါ
သူရော TaeHyung ပါပျော်ရတယ်ဆိုတော်ပြီလေ
အချိန်ဟာဘယ်လောက်များရမှာမို့လို့လဲ မှားလည်းခဏ မှန်လည်းဏ
ပျော်ရလည်းခဏ ငိုရလည်းခဏပဲလေ ဒီအတောအတွင်းမှာတော့ခံစားချက်ရှိစွာနေသွားချင်သည်မို့ ရွေးချယ်မှုအားနောင်တရမည်တော့မဟုတ်

သူငယ်ချင်းအရင်းကြီးဖြစ်သူ Namjoon အပြောကြောင့် TaeHyung ကသိပ်မကြာခင်မှာကိုရီးယားကိုပြန်တော့မှာဆိုတာရော
လူရှုပ်လူပွေလေးတစ်ယောက်ပါဖြစ်နေတာကြောင့် TaeHyung အားချစ်သူရည်းစားတော်ရန်မဆိုင်းမတွဆုံးဖြတ်မိခြင်းဖြစ်လိမ့်မည်
သူ့အတွက်လိုအပ်သည်ကခဏတာတွဲရန်အပျော်ရည်းစား
TaeHyung သည် အတည်ချစ်လိမ့်မည်မဟုတ်ဟု Hoseok တစ်ထစ်ချယုံကြည်ထားလေရဲ့

ကိုးနာရီအလုပ်ဝင်မှာမို့ ရှစ်နာရီခွဲလောက်တွင်ထိုအိမ်ကထွက်ရန်ပြင်ပြီးတဲ့အခါမှသတိရမိတာ ထိုကောင်လေးမနက်စာစားရန်ဘာမှမရှိခြင်း
မနေ့ညကလည်းသောက်ဖို့လောက်သာဝယ်ပြီးဘာမှမဝယ်ဖြစ်သလို ရေခဲသေတ္တာထဲတွင်လည်းအသင့်စားလို့ရတာဘာမှမရှိ...
အိမ်ထဲတစ်ခေါက်ပြန်ဝင်ကာ ကိုယ်တိုင်ကော်ဖီမဖျော်တတ်ပါသောကောင်လေးအတွက်ကော်ဖီလေးတစ်ခွက်ဖျော်ကာ ပေါင်မုန့်နှစ်ချပ်ကိုပါမီးကင်ပေးခဲ့ရင်း Sticker note လေးရေးကာထားခဲ့လိုက်သည်

DEATH BED || ᴄᴏᴍᴘʟᴇᴛᴇᴅ ||Where stories live. Discover now