#10 Don't go to bed (finale)

1.8K 157 62
                                    

Unicode

♪Don't stay awake for too long,
Don't go to Bed♪
~~~~~~~~~~~~~~~~~~~~~~~~~

လစ်လပ်နေတဲ့ Hyung ရဲ့လက်တစ်စုံနဲ့
ကျွန်တော့်ရဲ့လက်ကိုတွဲထားပေးမလား ~~~

နာကျင်မှုတွေ... Hyung ရင်ထဲကဖုံးကွယ်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေအကုန်လုံးကို
ဒီရင်ခွင်ထဲမှာ ဖွင့်ဟပြမလား ~~~

အနာဂါတ်မှာဘာဖြစ်မယ်မှန်း ကြိုမသိခဲ့ကြတာတောင် ရူးမိုက်စွာရှေ့ဆက်ဖို့ကြိုးစားခဲ့သေးတာပဲ နာကျင်ရလည်းအတူတူပေါ့ ~~~

စိတ်မပူစမ်းပါနဲ့ဗျာ
Hyung လဲကျနေလို့ ပြန်မထနိုင်ခဲ့ရင်တောင်
ဒီကောင်က Hyung နဲ့အတူထိုင်ချပေးဦးမှာ ~~~

လမ်းတွေကြမ်းနေပါစေဦး Hyung ကိုချီပိုးသွားဖို့ဝန်မလေးတဲ့သူမို့
ဒီလက်အစုံကိုရဲရဲတွဲလို့ရပါတယ် ~~~

ရှေ့ဆက်ရမယ့်အချိန်တွေရှိခဲ့ရင်
ကျွန်တော်တို့နှစ်ယောက်ရဲ့ နောင်ရေးတွေဆွေးနွေးချင်သေးတာမို့
ကျွန်တော့်ရဲ့အသည်းတစ်ခြမ်းလေးဖြစ်ပေးနိုင်မလား ~~~ ။

﹏﹏﹏﹏﹏﹏﹏ ⛾⛾⛾ ﹏﹏﹏﹏﹏﹏

London to Paris...

ဖတ်လတ်စပြင်သစ်ဝတ္တုတိုများဆိုတဲ့စာအုပ်လေးကိုပိတ်လိုက်ချိန်မှာ အချိန်အတော်ကြာအောင်ငုံ့နေခဲ့သောခေါင်းက ဆတ်ခနဲဖြစ်သွားသလို ဇက်ကြောလည်းတက်နေသည် ။
ထို့အပြင်ဘေးကကောင်လေးသည်လည်း တစ်ချိန်လုံး သူ့ပုခုံးတစ်ခြမ်းကိုနယ်ချဲ့ထားတာကြောင့် ထုံကျင်နေလေပြီ
အဲ့ဒီအရာတွေကိုမမှုနိုင်သေးပါ သူ့ကိုမှီထားတဲ့ကောင်လေးရဲ့ခေါင်ကစောင်းနေပြီး နောက်မှာခံထားတဲ့ခေါင်းအုံးလေးကလည်းလွဲနေတာ ကြောင့် နာမှာစိုးတဲ့စိတ်တို့ဟာ သူဖြစ်နေသောအရာတွေကိုမေ့ပျောက်သွားစေသည် ။
နိုးမသွားစေရန်သတိထားကာ ခေါင်းအုံးလေးကိုအသာအပြင်ပေးတော့ အင်းခနဲအသံလေးထွက်ကာ ပြန်အိပ်ပျော်သွားတာကြောင့် သူသဘောကျစွာပြုံးလိုက်မိပါရဲ့....

လန်ဒန်ကနေ ပဲရစ်ကိုဦးတည်နေသောရထားဟာတော့ တရွေ့ရွေ့ခုတ်မောင်းဆဲ... တရိပ်ရိပ်ကျန်ခဲ့သောရှုခင်းများကိုငေးကာ သူ့စိတ်တွေလည်းလန်းဆန်းနေလေသည် ။ သူနဲ့ကောင်လေးသာအတူရှိရင် အဲ့ဒီအခိုက်အတန့်တိုင်းဟာ လှပနေတော့တာပဲ....
သူကတော့ Paris ကိုအကြိမ်ကြိမ်ရောက်ခဲ့ဖူးပေမယ့် TaeHyung ကတော့ ပထမဆုံးအကြိမ်မို့စိတ်လှုပ်ရှားနေပုံရသည် ။
ရထားနဲ့ဆို နှစ်နာရီသာသာလေးပဲကြာမယ့်ခရီးစဥ်မှာ တစ်နာရီနီးပါးလောက် ဟိုရောက်ရင်ဘယ်သွားမယ် ဘာလုပ်မယ်ဆိုပြီး အစီအစဥ်တွေဆွဲနေခဲ့သောကောင်လေးကတော့ အရင်ကကြို ပြောခဲ့သလို သူ့ကိုတောင်အဖော်လုပ်မပေးနိုင်ဘဲ အိပ်ပျော်နေလေပြီ

DEATH BED || ᴄᴏᴍᴘʟᴇᴛᴇᴅ ||Where stories live. Discover now