#4 Cuddle in your sheets

973 154 8
                                    

Unicode

♪ Cuddle in your Sheets ♪
~~~~~~~~~~~~~~~~~~~~~

"ဆေးတွေပုံမှန်မသောက်ဘူးထင်တယ် Hoseok-ssi "

အခန်းထဲပြန်ဝင်လာသောဒေါက်တာသည် သူ့ကိုကြည့်ကာပြောလာတော့ စပ်ဖြဲဖြဲလုပ်ပြကာခေါင်းခါရင်း အကြည့်လွှဲလိုက်မိသည် ။

"သောက်ပါတယ် ဒေါက်တာရဲ့ "

"ကျွန်တော်ကဆရာဝန်နော် ခင်ဗျားညာနေလားမညာနေဘူးလားဆိုတာသိတယ်ဗျ "

ဒေါက်တာက သူနေမကောင်းစဖြစ်တည်းကပြဖြစ်ခဲ့သောတစ်ဦးတည်းသောဆရာဝန်... လူမျိုးချင်းလည်းတူပြီး သဘောကောင်းတာကြောင့် Hoseok နဲ့အတော်လေးရင်းနှီးခဲ့သည် ။ အခုလည်းမျက်စောင်းကြီးနဲ့စိုက်ကြည့်နေတာကြောင့် သူ့မှာမလုံမလဲဖြစ်ကာဝန်ခံရတော့သည်

"တစ်ကယ်တော့မေ့သွားတာ "

ဟုတ်တာပေါ့ ရည်းစားတစ်ယောက်ချက်ချင်းလက်ငင်းရလိုက်ခြင်းကြောင့် Jung Hoseok တစ် ယောက် ဆယ်ကျော်သက်လေးတစ်ယောက်လိုမြူးတူးနေကာ ဆေးသောက်ဖို့ပင်မေ့တဲ့အထိ

"ခင်ဗျားဆေးပုံမှန်သောက်ရင်အခြေအနေတိုးတက်လာရမှာလေ အခုကပြီးခဲ့တဲ့တစ်ခေါက်လာတုန်းကထက်တော်တော်လေးဆိုးရွားနေတယ် "

"မနေ့ကမိုးမိထားလို့ပါ "

"ဖျားလည်းဖျားနေတယ်ပေါ့ လုပ်ပြီမြင်လား လူနာတွေကအရမ်းခေါင်းမာတယ် ဆရာဝန်မှာတဲ့စကားကျနားမထောင်ဘူး ဖြစ်လိုက်ရင် "

"ဒေါက်တာလည်းအဖိုးကြီးပေါက်စလိုဖြစ်နေပြီ "

ဒီလိုပါပဲ ရက်ချိန်းရောက်လို့​ဆေးရုံကိုလာတိုင်း ဒေါက်တာ့အဆူကိုခံရမြဲ ...
YoonGi Hyung သာလိုက်လာတဲ့နေ့များဆို Double အဆူခံရသည်
ဒါတောင် TaeHyung နဲ့အတူ ထိုနေ့ညက Whiskey တွေအားပါးတရသောက်ခဲ့တဲ့အကြောင်းမပေါ်လို့
သိများသာသိလို့ကတော့ Hoseok ဘဝမတွေးရဲစရာ

"ပျော်စရာတစ်ခုခုရှိနေလား Hoseok-ssi အခါတိုင်းနဲ့အတူသလိုပဲ ခင်ဗျားအတွက်တန်ဖိုးရှိတာတစ်ခုခုရထားလို့လား "

"ဒေါက်တာက ဆရာဝန်မလုပ်သင့်ဘူး အကြားအမြင်ဆရာလုပ်ရမှာ "

"ဟားဟား ကျုပ်က psychology လည်းသင်ထားတယ်ဆိုတာမမေ့နဲ့လေ "

DEATH BED || ᴄᴏᴍᴘʟᴇᴛᴇᴅ ||Where stories live. Discover now