Author's Note

1K 112 26
                                    

🎀 Author's Note 🎀
~~~~~~~~~~~~~~~~~

Death Bed လေးကတစ်ကယ်ပဲပြီးသွားပါပြီ ။
Vhope Fiction လေးတစ်ပုဒ်ကိုအဆုံးသတ်နိုင်လိုက်တဲ့အတွက်တစ်ကယ်ကိုပျော်ရပါတယ် ။

Death Bed အကြောင်းကိုပြောရမယ်ဆိုရင်တော့ခေါင်းစဥ်ကစပြောမှရမှာပဲ ၊ ဒီနာမည်လေးကိုတော်တော်များများရင်းနှီးကြမှာပါ
Powfu ရဲ့ Death Bed ဆိုတဲ့သီချင်းလေးပေါ့
Helios ကဒီသီချင်းလေးကိုအရမ်းကြိုက်တော့ ဘာရယ်မဟုတ် Fic လေးဖန်တီးမယ်ဆိုပြီးလုပ်ဖြစ်ခဲ့တာ
အစကနေအဆုံးထိ အပိုင်းတိုင်းရဲ့ခေါင်းစဥ်ခွဲလေးတွေကိုလည်း သီချင်းစာသားလေးတွေပေးခဲ့သလို အကြောင်းအရာတော်တော်များများကလည်း ဒီသီချင်းလေးရဲ့စာသားတွေကိုပဲအခြေခံထားခဲ့တာပါ ...
စရေးတည်းက plot ကိုအဆုံးထိချခဲ့ပေမယ့် နှစ်ပိုင်းလောက်တင်ပြီးချိန်အထိဖတ်တဲ့သူမရှိတော့အကြာကြီးပစ်ထားခဲ့မိပါသေးတယ်
နောက်တော့မှမန့်လေးတစ်ချို့ရလာတာကြောင့် ဆက် run ဖြစ်ခဲ့တာပါ

သီချင်းလေးအရဆိုရင်တော့ဒီဇာတ်လမ်းလေးမှာသေချာပေါက် Sad ending ဖြစ်မှကိုရမှာပါ ။ ဒါပေမယ့် Helios ကိုယ်တိုင်က SE လုပ်ပစ်ဖို့အစီအစဥ်မရှိခဲ့ပါဘူး ။ Opening ending ဆိုပေမယ့်လို့ ဒါလေးကို HE အဖြစ်ပဲယူစေချင်ပါတယ်... ဘာလို့ဆို Kim Tae နဲ့ SeokSeok တို့ကဘယ်အခြေအနေမှာမဆိုအတူရှိသွားကြမှာမို့ပါ ။ အဲ့ဒါကြောင့် ဒါလေးက HE ဘက်ကိုယူထားတဲ့ Open ending လေးပါ
Finale ကိုသေချာဖတ်မယ်ဆိုရင် HE ဖြစ်စေတဲ့အချက်တွေကိုသတိပြုမိမှာပါ ။

ဒီ Fic လေးတစ်ပုဒ်လုံးကိုခြုံငုံပြီးပြောရရင် ရည်ရွယ်ချက်ကတော့ ကောင်လေးနှစ်ယောက်ကြားကအချစ်ကိုပဲဖော်ပြချင်ခဲ့တာပါ
လွယ်လွယ်စခဲ့ပေမယ့်အခက်အခဲတွေရှိနေတာတောင်ပြတ်ဆဲမသွားတဲ့အချစ်ကိုဖော်ပြချင်တဲ့နေရာမှာ သေချာထိထိမိမိမဖော်ပြနိုင်ခဲ့တာတွေလည်းရှိခဲ့တဲ့အတွက် အများကြီးပိုပြီးကြိုးစားသွားပါ့မယ် ။

ဘာမှမဟုတ်တဲ့ ပထမဆုံးဖန်တီးမှုသေးသေးလေးကိုတန်ဖိုးထားပေးကြတဲ့သူတစ်ယောက်ချင်းစီတိုင်းကိုလည်းတစ်ကယ်ပဲကျေးဇူးတင်မိပါတယ်
အစကနေအဆုံးအထိ Death Bed လေးအတွက်ရှိနေပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုတစ်ကယ်ပဲကျေးဇူးအများကြီးတင်ပါတယ် ။

helios_vhope
June 30, 2021

_________________________________________

🎀 Author's Note 🎀
~~~~~~~~~~~~~~~~~






helios_vhope
June 30, 2021
_________________________________________

DEATH BED || ᴄᴏᴍᴘʟᴇᴛᴇᴅ ||Where stories live. Discover now