Part-1

341 28 2
                                    

Unicode

အမေရိကန်နိုင်ငံ New York မြို့တွင်တည်ရှိသော The New York Public Library ရှေ့တွင် Hong Jisoo ခြေစုံရပ်မိသည်။
သူသည် ဝင်ပေါက်တံခါးမကြီးမှ စာကြည့်တိုက် အတွင်းသို့ လှမ်းကြည့်မိသည်။

ယနေ့သည် အားလပ်ရက် မဟုတ်သောကြောင့် စာကြည့်တိုက်အတွင်းတွင် လူနည်းပါးလျက်ရှိသည်။
သူ၏ လက်ချောင်းဖြူဖြူသွယ်သွယ်များဖြင့် တံခါးလက်ကိုင်ကို ဆုပ်ကိုင်၍ တွန်းဖွင့်ကာ စာကြည့်တိုက်အတွင်းသို့ ဝင်လာခဲ့သည်။ထို့နောက် တည့်တည့်မတ်မတ်ပင် စာအုပ်စင်တန်းကြီးများ ဆီသို့ ခြေလှမ်းကျဲကျဲများဖြင့်‌ လျှောက်သွားကာ ထောင့်ဘက်ကျသော စာအုပ်စင်အရှေ့တွင် မတ်တပ်ရပ်ကာ မဖတ်ရသေးသော ခပ်ထူထူ စာအုပ်တစ်အုပ်ကို ဆွဲယူမိသည်။

ထိုစဉ် Hong Jisoo၏ မျက်ခုံးတန်းများ အပေါ်သို့ အနည်းငယ် မြင့်တက်သွားရသည်။သူယူလိုက်‌ေသာစာအုပ်‌ေကြာင့် နေရာလစ်လပ်သွား‌သဖြင့် စာအုပ်စင်၏ တစ်ဘက်ခြမ်းသို့ ထွင်းဖောက်မြင်လိုက်ရသည်။ စာအုပ်စင်၏ တစ်ဘက်ခြမ်း၌ ကိုယ်ကို အနောက်မှ နံရံသို့မှီကာ လက်ထဲမှ စာအုပ်ကို သဲကြီးမဲကြီး ငုံ့ဖတ်နေသော အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ် အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ထိုကောင်လေး၏ မျက်နှာရှိ မေးရိုးနှစ်ခုဆုံရာ‌ေနရာသည် V ပုံသဏ္ဌာန် ခပ်ချွန်ချွန်လေး ဖြစ်ကာ မထူမပါး မျက်ခုံးတန်းများ၊တင်းတင်းစေ့ထား‌သည့် အညိုရောင်သမ်းနေသော နှုတ်ခမ်းတစ်စုံ၊ဂုတ်ထောက်သည်အထိ ရှည်နေသော ခပ်ညိုညို ဆံသားများ၊စာအုပ်ကို ကိုင်ထားသည့် အချိုးအဆစ် တည်ဆောက်ပုံ လှပသော ဖြူဖြူသွယ်သွယ် လက်ချောင်းများ၊အရာအားလုံးသည် Hong Jisoo၏ စိတ်အစဉ်ကို ညှို့ယူနေသည်။ထိုကောင်လေးသို့ စိုက်ကြည့်နေစဉ်မှာပင် ဖတ်ပြီးသွားသော စာအုပ်ကို အကြည့်လွှဲကာ သူ့ထံသို့ မော့ကြည့်လာသော စူးစူးရှရှ မျက်ဝန်းနက်တစ်စုံနှင့် အကြည့်ချင်း ဆုံမိသည်။
ထိုကောင်လေးသည် လက်ထဲမှ စာအုပ်ကို သူ့နေရာသူ စနစ်တကျ ပြန်ထားကာ
Hong Jisoo ထံသို့ တစ်ချက်သာ စိုက်ကြည့်ပြီး တည်တင်းသော မျက်နှာထားဖြင့် အခြားဘက်တွင်ရှိသော စာအုပ်စင်တန်းများဆီသို့ လျှောက်သွား‌ေလသည်။
ဘယ်ဘက်ရင်အုံမှ နှလုံးခုန်သံ တဖြည်းဖြည်း မြန်လာမှသာ Hong Jisoo သတိပြန်ဝင်လာသည်။

CIELO☁️|Jihao [SEVENTEEN]Where stories live. Discover now