Part-7

101 16 2
                                    

Unicode

လမ်းမကျယ်ကြီးပေါ်၌ အနက်ရောင်ကားလေး တစ်စီး တရွေ့ရွေ့ ပြေးလွှားနေသည်။ ထိုကားလေးပေါ်တွင် လိုက်ပါစီးနင်းလာသူ နှစ်ဦး။ Hong Jisooနှင့် Xu Minghaoဖြစ်သည်။ လမ်းတစ်လျှောက်တွင် အုံ့ဆိုင်းနေသော သစ်ပင်များစွာကို Xu Minghaoငေးကြည့်ရင်း Hong Jisooမောင်းနှင်လာသော ကားပေါ်တွင် ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်။

အရှိန်ဖြင့်မောင်းနေသော ကားကြောင့် ဘေးမှ မြင်နေရသော စိမ်းလန်းစိုပြည်သည့် သစ်ပင်များသည် တည်ငြိမ်မှုရှိမနေဘဲ အလင်းကဲ့သို့ လျင်မြန်စွာဖြင့် ၎င်းတို့ကို ဖြတ်သန်းသွားသော ကားကလေး အနောက်တွင် ကျန်ခဲ့ကြသည်။ ကားပြတင်းပေါက်မှ အပြင်ကို ကြည့်ရသည်မှာ ငြီးငွေ့လာသောကြောင့် မိမိ၏ ဘယ်ဘက်ခြမ်း၌ ကားကို ဂရုတစိုက် မောင်းနေသော Hong Jisooထံ Xu Minghao ငဲ့ကြည့်မိသည်။

ကားမောင်းရင်း အရှေ့သို့ အာရုံစူးစိုက်၍ ကြည့်နေသောကြောင့် Hong Jisoo၏ မျက်ခုံးတန်းနှစ်ခုသည် ထိလုမတတ်။ ထိုအရာကပင် Hong Jisooအား ဆွဲဆောင်မှု ရှိစေသည်ဟု Xu Minghaoထင်မိသည်။ ကားစတီယာတိုင်ကို ကိုင်ထားသော ဖြူဖြူသွယ်သွယ် လက်ချောင်းကလေးများ၊ ထိုမှတစ်ဆင့် သွေးကြောစိမ်းလေးများ ယှက်ပြေး‌နေသော လက်ဖျံတစ်စုံ။ အရာရာသည် အနုပညာဆန်စွာ လှပလွန်းသည်။
"ညီရေ ရှေ့နားကျရင် ရောက်တော့မယ်နော်"
Hong Jisooက မိမိဘက်ကို လှည့်ကြည့်ပြီး လှမ်းပြောမှ သတိလက်လွတ် ငေးကြည့်နေခဲ့မိတဲ့ Xu Minghaoက သူခိုးလူမိသလို ဖြစ်သွားသည်။

"ဪ ဪ ဟုတ် အစ်ကို"
အစ်ကိုနဲ့ အကြည့်ချင်း ခဏ ဆုံမိလိုက်တိုင်း Xu Minghaoရဲ့ ကမ္ဘာငယ်ဟာ ရပ်တန့်သွားသလို။

*ကျွန်တော်တော့ အစ်ကို့ကို ငြိတွယ်မိပြီ ထင်ပါရဲ့*
ထိုစကားကို စိတ်ထဲ၌သာ Xu Minghao သိမ်းထားမိသည်။ ဘယ်သူနဲ့မှ အခေါ်အပြော သိပ်မလုပ်ခဲ့တဲ့ ကျွန်တော်ဟာ သိတာ ရက်ပိုင်းပဲ ကြာသေးတဲ့ အစ်ကိုနဲ့ကျမှ ပြောစရာ စကားတွေဟာ ပေါများနေသလို။ စာကြည့်တိုက်မှာ Hong Jisooသူ့ကို စိုက်ကြည့်စဉ် ခဏမှာ စိတ်ထဲ စနိုးစနောင့် ဖြစ်မိသော်လည်း အခုကျတော့ မလွတ်တမ်း ဖမ်းဆွဲထားချင်မိတဲ့ သံယောဇဉ် ကြိုးကလေးလို။ Hong Jisooသည် သူ့အပေါ်၌ လွှမ်းမိုးနိုင်စွမ်း ရှိလွန်းပါ၏။

CIELO☁️|Jihao [SEVENTEEN]Where stories live. Discover now