Part-11

164 12 4
                                    

Unicode

"အစ်ကို မအိပ်သေးဘူးလား?"

ကုတင်ပေါ်တွင် လဲလျောင်းလျက် မျက်နှာကျက်သို့သာ စိုက်ကြည့်နေသော Hong Jisoo နံဘေး၌ ဝင်လှဲရင်း Xu Minghao မေးလိုက်၏။

"အစ်ကို့ ကြည့်ရတာ အတွေးများနေတဲ့ပုံပဲ"

နားထင်သို့ လက်ထောက်ကာ Xu Minghao က Hong Jisoo ဘက်သို့ လှည့်၍ မျက်မှောင်လေး ကြုံ့ပြီး မေးမိသည်။ အဲ့တော့မှ Hong Jisoo တစ်ယောက်ခမျာ Xu Minghao ဘက်သို့ လှည့်ကြည့်လာ၏။ ဆူပုပ်ပုပ် မျက်နှာလေးနှင့် မျက်မှောင်ကြုံ့ပြီး မိမိထံ စိုက်ကြည့်နေသော ကောင်လေးကို ကြည့်ရင်း Hong Jisoo ပြုံးမိသည်။

"ဘာတွေ ပြုံးနေတာလဲဗျ! ဒီမှာ ခုနတည်းက အစ်ကို့ကို ခေါ်နေတာကို"

Hong Jisoo ဒီတစ်ခေါက်တော့ အသံထွက်ရုံလေး ရယ်မိသွားပါသည်။ ညီ့ရဲ့ ဘောက်ဆတ်ဆတ် အပြောလေးတွေက နှစ်လိုဖွယ် ကောင်းတာတော့ အမှန်ပင်။

"စိတ်မရှိပါနဲ့ဗျာ။ အစ်ကို အတွေးနည်းနည်း များသွားလို့ပါ"

Xu Minghao ၏ မျက်ဝန်းများဆီသို့ စိုက်ကြည့်ရင်း Hong Jisoo မှ ပြုံးရယ်ကာ ပြောလိုက်သည်။

"ခုနက ညီ အစ်ကို့ကို မအိပ်သေးဘူးလားလို့ မေးလိုက်တာလား"

"ဟုတ်တယ်လေ။ ကြည့်ပါလား။ အစ်ကို ကြားရဲ့သားနဲ့ ပြန်မဖြေတာ!"

Xu Minghao မှ ယခင်ပုံစံအတိုင်း ကလေးငယ်လေး တစ်ယောက်ပမာ ဆူပုပ်ပုပ်လေး လုပ်နေပြန်၏။

"အတွေးများသွားလို့ပါ ကောင်လေးရ။ ဒါနဲ့ လူကြီးကို တအား ပွစိ ပွစိ လုပ်တယ်နော်။ ဒီ ပါးစပ်လေးလားကွ ပွစိပွစိ ပြောနေတာ *mwah* "

Hong Jisoo မှ Xu Minghao ၏ ချစ်စဖွယ် အမူအရာလေးများကို ကြည့်ကာ အသည်းယားလာသဖြင့် နှုတ်ခမ်းရဲရဲလေးကို တစ်ချက် ဆွဲနမ်းလိုက်သည်။

"ဒီလိုကြေးပေါ့ အစ်ကိုက! လာခဲ့ အစ်ကို။ မပြေးနဲ့"

ထိုသို့ပြောပြီး Xu Minghao မှ Hong Jisoo ၏ ကိုယ်ပေါ်သို့ သန်မာစွာ အုပ်မိုးထား၏။ Hong Jisoo လည်း ရုတ်တရက်ဆန်သော အခြေအနေ ဖြစ်သဖြင့် မိမိအပေါ်၌ အုပ်မိုးထားသော ညီ့ကိုသာ ပြူးကြောင်ကြောင်လေး ပြန်ကြည့်နေမိသည်။

You've reached the end of published parts.

⏰ Last updated: Jun 01, 2023 ⏰

Add this story to your Library to get notified about new parts!

CIELO☁️|Jihao [SEVENTEEN]Where stories live. Discover now