Part-2

156 24 1
                                    

Unicode

ကျောင်းမှ အိမ်သို့ တန်းမပြန်ချင်သဖြင့် Xu Minghao, The New York Public Libraryဘက်သို့ လှည့်လာခဲ့သည်။
ကျောင်းမှအပြန် ဖြစ်သောကြောင့် တီရှပ်အဖြူရောင် over size ၊ဂျင်းဘောင်းဘီ ခပ်ပွပွ ဝတ်ထားကာ အနက်ရောင် ဘေးလွယ်အိတ်လွယ်ထားသော‌ Xu Minghao၏ ပုံစံသည် တစ်မျိုးတစ်မည်ကြည့်ကောင်းနေသည်။

စာကြည့်တိုက်၏ တံခါးမကြီးက တစ်ဆင့် ထောင့်ဘက်က စာအုပ်စင်တန်း‌‌
‌ေတွဆီကို လျှောက်သွားပြီး မိမိသဘောကျ အနှစ်သက်ဆုံး စာရေးဆရာ၏ စာအုပ်ကို စင်ပေါ်မှ လှမ်းယူကာ အနောက်မှနံရံသို့ မှီရင်း ဇိမ်ကျကျ စာဖတ်နေလိုက်သည်။

စာအုပ်ထဲကို ဈာန်ဝင်နေတာ ဘေးပတ်ဝန်းကျင်ကိုတောင် မေ့နေတဲ့အထိ။
ခဏကြာတော့ ဖတ်ပြီးသွားသော စာအုပ်ကို ပိတ်ကာ အရှေ့ကို ခေါင်းမော့ကြည့်မိတော့ စာအုပ်စင် တစ်ဘက်ခြမ်းက မျက်နှာချောချောရှိ‌ေသာလူနှင့် အကြည့်ချင်းဆုံမိသည်။
လုံးဝန်းသောဟန် ရှိသော်လည်း အချိုးကျကျ လှပစွာ ဖွဲ့စည်းထားသော မျက်နှာ၊ ပြုံးယောင်သန်းနေသော ခပ်ထူထူနှုတ်ခမ်းများ၊ မိမိနှင့် မတိမ်းမယိမ်း အရပ်အမောင်း၊ under cut ပုံစံ ညှပ်ထားသည့် မတိုမရှည် ဆံပင်နက်များ၊ မဲနက်သော မျက်လုံးမို့မို့ စသော ပြီးပြည့်စုံမှုများဖြင့် ပေါင်းစပ်ထားသော အနှီလူသားဖြင့် မျက်ဝန်းချင်းဆုံမိသည်။

"ဘာလဲဟ?ဒီလူငါ့ကို ချီးမို့လို့ လာစိုက်ကြည့်နေတာလား"
Xu Minghaoစိတ်ထဲမှ တိုးတိုးကျိန်ဆဲမိသည်။ထို့နောက် ဖတ်ပြီးသား စာအုပ်ကို
သူ့နေရာသူ စနစ်တကျ ပြန်ထားကာ ထိုနေရာမှ လှည့်ထွက်လာမိသည်။

"အာ ပူလိုက်တာကွာ"
စာကြည့်တိုက်အပြင်သို့ ထွက်လာရင်း ပူပြင်းလွန်းသော နေအပူရှိန်ကြောင့် ခပ်တိုးတိုး ညည်းမိသည်။
လွယ်အိတ်ထဲမှ ခေါက်ထီးကို ဆွဲထုတ်ကာ ဖွင့်ဆောင်းလိုက်ရင်း လမ်းမကြီးတစ်လျှောက် လျှောက်လာခဲ့သည်။
စာကြည့်တိုက်အရှေ့တွင် ထီးထုတ်နေရင်း ကျောင်းသားကဒ် ပြုတ်ကျကျန်ခဲ့တာကိုတော့ Xu Minghaoသတိမမူမိခဲ့။
--------------------------

စာကြည့်တိုက်၏ ထောင့်တစ်နေရာတွင် တစ်ယောက်တည်း အတွေးများနေသော Hong Jisooသည် သူ့မျက်နှာပေါ် ပြတင်းပေါက်မှ နေ‌ေရာင်ထိုးမှ အသိစိတ်ပြန်ဝင်လာသည်။
မိမိအား ခပ်တည်တည်ပင် စိုက်ကြည့်သွားသော ထိုကောင်လေးအကြောင်းကို တွေးမိရင်း Hong Jisoo ခပ်ဖွဖွ ပြုံးမိသည်။
လက်မှ နာရီကိုကြည့်လိုက်တော့ နေ့ခင်း ၂နာရီ။

CIELO☁️|Jihao [SEVENTEEN]Where stories live. Discover now