Part-6

114 16 0
                                    

Unicode

မနက်မိုးလင်းတော့ Hong Jisoo၏ စိတ်အစဉ်ကြည်လင်နေရသည်။
အကြောင်းကား ယနေ့သည် Xu Minghaoနှင့်သူ hangoutမည့်နေ့။
Xu Minghaoအပေါ်ထားသည့် သူ၏ နက်ရှိုင်းသော ခံစားချက်များကို Hong Jisooလည်း အမည်မတပ်တတ်တော့။

ဘာပဲဖြစ်ဖြစ်ပါလေ ညီနဲ့ တွေ့မယ့် ဒီလို မင်္ဂလာရှိတဲ့နေ့မျိုးမှာ အတွေးတွေများပြီး Hong Jisooအာရုံနောက် မခံနိုင်ပါ။
အတွေးတွေကို လက်စသတ်လိုက်ပြီး
သက်သောင့်သက်သာဖြစ်စေရန် အညိုရောင် စပို့ရှပ်နှင့် အပြာနုရောင်‌ ဂျင်း‌ေဘာင်းဘီကို တွဲဖက်ဝတ်ဆင်ရန် ဗီရိုထဲမှ ထုတ်၍ ဝတ်ဆင်လိုက်သည်။
နဂိုတည်းက ရုပ်ခံရှိပြီးသားသူမို့လို့ စပို့ရှပ်နှင့် ဂျင်းဘောင်းဘီက Hong Jisooကိုယ်ပေါ်တွင် လိုက်ဖက်လွန်းလှသည်။

မနက်၁၁နာရီခွဲတွင် အိမ်မှ ကားမောင်းကာထွက်လာခဲ့ပြီး ညီတက်သည့် collegeဆီသို့ ဦးတည်မောင်းနှင်လာခဲ့သည်။
Collegeရှေ့က ကားပါကင်တွင် ကားရပ်ရင်း လက်ကနာရီကို ကြည့်မိတော့ ၁၂နာရီထိုးလေပြီ။
ညီ ကျောင်းဆင်းတဲ့အချိန်နဲ့ ကွက်တိပဲ။
ကားထဲမှာ နေလျှင် Xu Minghaoမမြင်မှာစိုးလို့ ကားအပြင်သို့ထွက်ကာ Hong Jisooစောင့်နေမိသည်။
ခဏကြာတော့ ဂိတ်ပေါက်ဝမှာ Xu Minghaoတစ်ယောက်ထွက်လာသည်။
မိမိအား သတိပြုမိစေရန် Hong Jisooကားနားမှ Xu Minghaoထံ လက်လှမ်းပြလိုက်သည်။ ထိုအခါမှ Xu Minghaoက Hong Jisooအား မြင်သွားကာ ကားဆီသို့ တရွေ့ရွေ့ လျှောက်လာသည်။

ကြယ်သီးလေးများ ပါ‌ေသာ အဝါရောင် ချည်ထည်အင်္ကျီကို အမဲရောင် style pant နှင့် တွဲဝတ်ထားပြီး လွယ်အိတ်ကို ဘေးတစ်စောင်း လွယ်ထားသော Xu Minghao၏ ပုံသဏ္ဍာန်သည် Hong Jisoo၏ ရင်ခုန်သံများကို တဖြည်းဖြည်း စည်းချက်မဲ့စွာ လှိုက်ခုန်စေသည်။
"အစ်ကို စောင့်နေရတာကြာသွားလား?"
အနားရောက်လာပြီး Xu Minghaoမှ စကားစပြောမှသာ Hong Jisoo၏အသိစိတ်သည် လက်ရှိ ကာလသို့ ပြန်လည်ရောက်ရှိလာသည်။

"မကြာပါဘူး ညီရဲ့။ကိုယ်လည်း ခုနကမှ ရောက်တာ"

"ဪ ဟုတ်လား။ ဒါနဲ့ ကျွန်တော်တို့ ဘာ်ကိုသွားကြမှာလဲ အစ်ကို"

"ကိုယ် ညီ့ကို လိုက်ပြစရာ နေရာလေးရှိတယ်။ ညီ လိုက်ခဲ့မယ် မလား?"
Hong Jisooသိချင်စိတ်ဖြင့် မေးခွန်းထုတ်မိသည်။

CIELO☁️|Jihao [SEVENTEEN]Where stories live. Discover now