Part-10

118 16 1
                                    

မိုးက ပိုပိုပြီး သည်းလာတာကြောင့် ကားမောင်းရသည်မှာ အတော် အဆင်မပြေ ဖြစ်လှသည်။

"အစ်ကို မောင်းလို့ဖြစ်ရဲ့လား။ ကျွန်တော် မောင်းပေးမယ်လေ"
Xu Minghao အစ်ကို့ကို စိတ်ပူပါသည်။ လမ်းတွေက ချော်နေတာကြောင့် အစ်ကို ဘယ်လောက်ပဲ ကားမောင်း ကျွမ်းကျွမ်း စိတ်မချနိုင်ပါ။ ကိုယ်တိုင် ဝင်မောင်းချင်စိတ်သာ ဖြစ်နေ၏။

"ရပါတယ် ညီရယ် ဒီလမ်းတွေက ကိုယ်မောင်းနေကြပဲကို"
ပြောမနိုင်တော့လည်း မပြောတော့ပါ။ အစ်ကို့ကိုသာ ယုံလိုက်ပါတော့မည်။

"ကျွီ"
ရုတ်တရက်ကြီး ကားက ထိုးရပ်သွားသောကြောင့် လန့်မိတာတော့ အမှန်ပင်။ Hong Jisoo နောက်တစ်ကြိမ် ကားစက်နှိုးကြည့်သော်လည်း အချည်းနှီးသာ။

"အစ်ကို ကားပျက်သွားတာလား"
Xu Minghao အလန့်တကြား လှမ်းမေးမိသည်။

"ကားစက်နှိုးမရတော့ဘူး ညီ။ ဘယ်လို လုပ်ကြမလဲ"
အဲ့တာမှ ပြဿနာပဲ။ ညနေလည်း စောင်းနေပြီ ဖြစ်သည်။ လမ်းမပေါ်တွင်လည်း ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင် မရှိ။ Hong Jisoo ကလည်း ပျာပျာသလဲ ကားဝပ်ရှော့ကို ဖုန်းဆက်နေ၏။ ဖုန်းပြော ပြီးသောအခါ

"သူတို့ကလည်း ဆိုင်ပိတ်လိုက်ပြီမို့လို့ မနက်မှပဲ လာလို့ ရတော့မယ်တဲ့"
Xu Minghao ကိုယ့် နဖူးကိုသာ ရိုက်မိသည်။ ဒီလိုနဲ့ သူတို့ရဲ့ ပထမဆုံး ချစ်သူစဖြစ်တဲ့ နေ့မှာ အဝေးပြေး လမ်းမပေါ် စခန်းချ ရမှာတော့ မဟုတ်လောက်ပါဘူးနော်။ ထိုစဉ် မနီးမဝေးမှ မီးအလင်းရောင်လေး မြင်လိုက်ရသည်။ သေချာ ကြည့်မိတော့ Motel ဖြစ်မည့် ပုံစံပင်။

"အစ်ကို ဟိုနားက motel ထင်တယ်"
Hong Jisoo အနားကို သွားကပ် ပြောလိုက်၏။ Hong Jisoo ကလည်း သူ ညွှန်ပြသည့် နေရာသို့ လှမ်းကြည့်ရင်း မျက်နှာတွင် ပြုံးရိပ်သန်းသွားသည်။

"ဟုတ်တယ် ညီ ကိုယ်တို့ ကားကို ဒီမှာ ထားခဲ့ပြီး အဲ့မှာ တစ်ညလောက် အိပ်လိုက်ရင် အဆင်ပြေမယ် ထင်တယ်။ မနက်ကျရင် ဝပ်ရှော့က လူတွေလည်း လာမှာဆိုတော့"
ကားက လမ်းဘေးမှာ ပျက်လို့ တော်သေးသည် ပြောရမည်။ ဒီလိုနှင့် သူတို့ နှစ်ဦးလည်း motel ရှိရာ ဆီသို့ လျှောက်လာခဲ့ကြသည်။ motel မှာ ကြည့်တော့ နီးမလိုလိုနှင့် ကားလမ်းနှင့် အတော်ပင် အလှမ်းဝေး၏။ ထိုစဉ် မိုးကလည်း သည်းကြီးမည်းကြီး ရွာချလာသဖြင့် ပြေးရတော့မယ့် ပုံပင်။ နံဘေးမှ Hong Jisoo ၏ လက်ကို ဆွဲကာ နှစ်ဦးသား ခြေလှမ်းကျဲများဖြင့် ပြေးရင်း motel အတွင်းသို့ ဝင်ရောက်လာ၏။

CIELO☁️|Jihao [SEVENTEEN]जहाँ कहानियाँ रहती हैं। अभी खोजें