Part-5

108 19 3
                                    

Unicode

အိမ်ပြန်ရောက်တော့ Xu Minghaoအကြောင်းကိုပဲ Hong Jisooတွေးနေမိသည်။

ဒီနေ့ သူတို့ နှစ်ယောက်ရဲ့ နီးကပ်သော အထိအတွေ့ ၊ညင်သာသော ရင်ခုန်သံ၊ ဆုံမိတဲ့ မှိုင်းညို့ညို့ မျက်ဝန်းတစ်စုံ။
ထို အရာများထဲမှ Hong Jisooရုန်းမထွက် နိုင်တော့ပေ။
ရုန်းထွက်ဖို့ မကြိုးစားဘဲနေသည် ဟုပြောလျှင် ပိုမှန်မည်။
ဖိနပ်နှင့် ခြေအိတ်ကို ချွတ်ကာ နူးညံ့သော အိပ်ယာ ပေါ်၌ ပက်လက်လှန်ကာ အဖြူရောင် မျက်နှာကြက်ကို အကြောင်းအရင်းမရှိ မှင်သေသေ ငေးကြည့်မိသည်။

"ဟူးးးးး"
လေပူတစ်ချက် မှုတ်ထုတ်မိ၏။
ဘာကြောင့်ရယ် မသိ Hong Jisoo ၏စိတ်အစဉ် လေးလံနေရပါသည်။
Xu Minghaoကို ချစ်မိသွားမှာကို စိုးရိမ်တာလား?ဒါမှမဟုတ်....??

လှဲနေရာမှ ငုတ်တုပ်ထိုင်လိုက်ကာ ခေါင်းကို နာနာကုပ်မိသည်။

"သားရေ ညနေစာ စားတော့မလား။အမေပြင်ထားလိုက်မယ်"
အခန်းထဲ၌ ဂနာမငြိမ် ဗျာများနေသော Hong Jisooသည် အခန်းအပြင်ဘက်မှ မိခင်ဖြစ်သူ၏ စကားသံကြားမှသာ သတိပြန်ဝင်လာသည်။

"ဟုတ် အမေ။ကျွန်‌ေတာ်ရေချိုးလိုက်ဦးမယ်နော်"
ဪ...ဟိုကောင်လေးရော မိဘတွေနဲ့ ခွဲပြီး တစ်ယောက်တည်းနေရတာ အဆင်ပြေပါ့မလား??

"အာ ဘာမဆိုင်ညာမဆိုင် သူ့ကို တွေးမိပြန်ပြီ"
ရေချိုးခန်းထဲမှ မှန်ရှေ့တွင်ရပ်ရင်း Hong Jisooအော်မိသည်။

ရေကို ခပ်မြန်မြန်ချိုးကာ ထမင်းစားရန်အတွက် အောက်ဆင်းလာခဲ့သည်။
ထမင်းစားပြီးတော့ ပန်းကန်များကို ဆေးကြောကာ မိဘနှစ်ပါးကို နှုတ်ဆက်စကားဆိုပြီး  Hong Jisoo အခန်းထဲ ပြန်ဝင်လာခဲ့သည်။

"ညမိုးချုပ်နေပြီ ဆိုတော့ သူအိပ်နေလောက်ပြီလား?ဖုန်းဆက်ကြည့်ရင် ကောင်းမလား?"
Hong Jisooတစ်ယောက်တည်း ရေရွတ်မိသည်။

"အာ ဖြစ်ချင်ရာဖြစ်ကွာ
ဖုန်းဆက်မယ်!"
ပြောပြောဆိုဆိုပင် ကုတင်ဘေးမှ စားပွဲပုလေးပေါ်တွင် တင်ထားသော ဖုန်းကိုလှမ်းယူကာ အလွတ်ရနေသော ဖုန်းနံပါတ်လေးဆီ ခေါ်ဆိုမိသည်။

"ဟယ်လို?"
ဖုန်းဝင် ပြီးပြီးချင်း ၅စက္ကန့်လောက် အကြာတွင် ကြားရသော အသံငယ်။

CIELO☁️|Jihao [SEVENTEEN]Where stories live. Discover now