Part-9

100 11 0
                                    

Unicode

"ကိုယ် ညီ့ကို ချစ်တယ်လို့ ပြောရင်ရော? ညီ စိတ်ဆိုးမှာလား"

တစ်ကိုယ်လုံးမှ သွေးတွေ အကုန် ပြောင်းပြန် စီးဆင်းသွားသလို ခံစားချက်။ လှိုက်ဖိုစွာ ခုန်‌နေသော ရင်တစ်စုံ။

"ညီ့ဆီက ဘာကိုမှ မမျှော်လင့်ပါဘူး။ ကိုယ် ညီ့အပေါ်ထားတဲ့ ခံစားချက်ကို ညီသိအောင် ပြောပြတာပါ" အစ်ကိုက တစ်ဆက်တည်း ပြောသည်။

*အစ်ကိုရယ်*

"ကျွန်- ကျွန်တော် ဘာပြောရမှန်းတောင်မသိတော့ဘူး အစ်ကိုရာ။ ရုတ်တရက်ကြီး ဆိုတော့"
အစ်ကိုကတော့ အားနာသည့် အကြည့်ဖြင့် လှမ်းကြည့်သည်။ ကျွန်တော် အနေခက်သွားတာလည်း မဟုတ်ပါ။ ဒီတိုင်း- ဒီတိုင်း အစ်ကိုနဲ့ ပတ်သက်လာရင် ကိုယ့်စိတ်ကိုယ် နားမလည်နိုင်တော့တာ။ အစ်ကိုက ရူးလောက်အောင် ညှို့အားပြင်းလွန်းနေတာ။

"ကိုယ် တောင်းပန်ပါတယ် ညီ။ ခုနက ကိုယ်ပြောလိုက်တာကို မေ့လိုက်ပါတော့။ ဘာမှမဖြစ်ခဲ့ သလိုမျိုး နေ-"

"ခဏ အစ်ကို"
အစ်ကိုက ကျွန်တော့်အား တောင်းပန်သည်။ ဒါ ကျွန်တော် လိုချင်တာမှ မဟုတ်ဘဲ။ အစ်ကိုက ဘာမှားလို့ တောင်းပန်ရတာလဲ! Xu Minghao စိတ်ထဲမှာ နင့်ခနဲ။ အစ်ကိုကတော့ သူ့ကို အားနာနေသည့် မျက်ဝန်းများဖြင့်သာ ကြည့်နေသည်။ ဟင့်အင်း အစ်ကို့မှာ ဘာအပြစ်ရှိလို့လဲ။ ကျွန်တော့်ကို ချစ်မိတာ အစ်ကို့ အပြစ်မှ မဟုတ်တာ။

ကိုယ်ကို အစ်ကိုနဲ့ အနီးဆုံး နေရာဆီ ရွှေ့လိုက်သည်။ ဘာမှမသိတဲ့ အစ်ကိုကတော့ မျက်စိစုံ မှိတ်လို့။ ကိုယ့်ကိုယ်ကိုယ်လည်း ဘာတွေလုပ်မိနေမှန်း Xu Minghao မသိတော့ပေ။ အစ်ကို့ရဲ့ ဦးခေါင်း အနောက်ဘက်ကို ခပ်ဖွဖွ ထိကိုင်လိုက်ကာ၊ နှုတ်ခမ်းတစ်စုံကတော့ ဖြည်းဖြည်းချင်းစီ အောက်သို့ ဆင်းသွားပြီး တခြား နှုတ်ခမ်းတစ်စုံ ပေါ်သို့ ဖိကပ်လျက်။ တစ်နည်းပြောရလျှင် Hong Jisoo၏ နှုတ်ခမ်းပါးများ ပေါ်တွင် နေရာယူလိုက်သော Xu Minghao၏ နှုတ်ခမ်းများ။

လုပ်မိလုပ်ရာ လုပ်ပစ်လိုက်သော Xu Minghaoသည် အနည်းငယ်တော့ အဆင်မပြေ ဖြစ်ပေမယ့် ရတယ်။ အစ်ကိုသာ သူ့ကို ချစ်နေရင်ရပြီ။

CIELO☁️|Jihao [SEVENTEEN]Where stories live. Discover now