Part-3

124 18 0
                                    

Unicode

ဆိုင်အရှေ့၌ လှပစွာ အလှဆင်ထားသော မဟော်ဂနီရောင် မှန်တံခါးကို တွန်းဖွင့်ကာ Caféအတွင်းသို့ Xu Minghaoနှင့် Hong Jisooတို့ ဝင်လာခဲ့ကြသည်။

"ဒီ caféက တော်တော်လှတယ်နော် အစ်ကို"
ဆိုင်အတွင်းက လှပသော အပြင်အဆင်ကို ကြည့်ရင်း Xu Minghaoမှ ခပ်ပြုံးပြုံး စကားဆိုသည်။

"ဟုတ်တယ်။ကိုယ်ဒီကိုခဏ ခဏလာဖြစ်တယ်"
Hong Jisooမှ ချိုချိုသာသာ ပြန်ပြော၏။

"ဪ ညီဘာသောက်မလဲ?ကိုယ်ကတော့ Ice Ameriano"

"ကျွန်တော်လည်း Ice Americano ပဲ။ ဒါနဲ့ အစ်ကို ဝယ်တိုက်မှာ သေချာပါတယ်နော်!"

သူ့မျက်နှာကို မျက်မှောင်လေးကြုံ့ကာ စိုက်ကြည့်ရင်း ပြောလာသော ကောင်လေးကို ကြည့်ရင်း Hong Jisoo ရင်ထဲ၌ အမည်မသိသော ခံစားချက်မျိုး ဖြစ်တည်လာ၏။

"သေချာပါတယ်ဗျာ။ဝယ်တိုက်မှာပါ။
ဒါဆို ကိုယ် ကောင်တာမှာ သွားမှာလိုက်ဦးမယ်နော်"
ညီညာဖြူဖွေးသော သွားတန်းလေးများ ပေါ်အောင် ပြုံးကာ စကားဆိုလာသော Hong Jisooကို ကြည့်ရင်း Xu Minghao ခပ်ရေးရေး ပြုံးမိသည်။

"ငါတစ်ခါမှ လူတိုင်းအပေါ်ကို ဒီလို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဖူးပါဘူး။ဘာလို့ ဒီအစ်ကိုနဲ့ကျမှ ငါပြောင်းလဲသွားရတာလဲ"
ကောင်တာဆီသို့ တရွေ့ရွေ့သွားနေသော ‌ကျောပြင်ငယ်ကို ကြည့်ရင်း
Xu Minghaoစိတ်ထဲ၌ အနည်းငယ်တော့ ဘဝင်မကျ ဖြစ်မိသည်။

အမှန်ပင်။ Xu Minghaoသည် ကျောင်းတွင်လည်း မည်သူနှင့်မျှ အပေါင်းအသင်းမလုပ်။
ပြုံးခြင်း၊ရယ်ခြင်းလည်း မရှိ။
စကားကိုလည်း လိုမှသာပြောသည်။
ထို့ကြောင့် မည်သူကမျှ Xu Minghaoကို အပေါင်းအသင်း လာလုပ်ခြင်းလည်း မရှိသလို၊ Xu Minghaoကလည်း မည်သူ့ကိုမျှ အောက်ကျခံပြီး မိတ်သွားဖွဲ့ခြင်းမရှိ။
တရုတ်မှာ နေတည်းက မိသားစုနှင့် တစ်နေ့လုံးနေမှ စကားတောင် ၃ခွန်းပြည့်အောင် မပြောသော Xu Minghaoလည်း ကိုယ့်ကိုယ်ကိုယ်နားမလည်တော့။
ဒါပေမယ့် ဘာလို့ သူနဲ့ကျမှ...??

"ညီရေ ဆိုင်မှာပဲ ထိုင်သောက်မယ်မလား"
ခပ်လှမ်းလှမ်းက ကောင်တာတွင် ငွေရှင်း‌ေနရင်း ချိုသာကြည်အေးသော အသံဖြင့် Hong Jisooက လမ်းလယ်ခေါင်တွင် ကြောင်‌တောင်တောင် ရပ်နေသော Xu Minghaoကို လှမ်းမေးလိုက်သည်။

CIELO☁️|Jihao [SEVENTEEN]Where stories live. Discover now