🐯 (2) 🐰 ( Unicode)

5.7K 291 0
                                    

ကျနော့် နာမည်က ရှောင်းရှောင်ကျန့် အသက်ကတော့ ဒီနှစ်ဆို 19 ပြည့်ပြီပေါ့။

ကျနော့် အသက် 10 နှစ်မှာ ကိုကို့ ဆီ ရောင်းစားခံခဲ့ရတယ်။ ကိုကို ဟုတ်တာပေါ့။ ကျနော်ရဲ့ တစ်ဦးတည်းသော ကိုကို ဝမ်ရိပေါ် ။ကိုကို ကလေ ကျန့်ကျန့် ကလွဲ ပြီး ကျန်တဲ့ လူတွေအပေါ် အရမ်းကောင်းတာ။

ကိုကို အမြဲတမ်း ပြောတဲ့ စကားတစ်ခုက
"ငါ မင်း ကို သေလောက်အောင် မုန်းတယ်တဲ့ "

အဟက်..ကျနော့် အဖြစ်က ရယ်ရသား ကိုယ့် ကို သေအောင် မုန်းနေတဲ့သူကို ရူးမတတ်ချစ်မိနေတဲ့ ကျနော်က မှားတာလား ။

ကိုကို ကလေ အနာပေးလိုက် ဆေးပေးလိုက် သိပ်လုပ်တတ်တာ
သူပဲ နှိပ်စက်တယ် ပြီးရင် သူပဲ ဆေးတွေ အတင်း တိုက်ပြန်ရော။

ဘာလို့လဲ မေးတော့...သူနှိပ်စက်လို့ မဝသေးခင် မသေရဘူးတဲ့... သူအမိန့် မပါဘဲသေခွင့်မရှိဘူးတဲ့လေ။ ကိုကို ကလေ သိပ်အတ္တ ကြီးတာပဲ။ ဒါပေမဲ့ ကျန့်ကျန့်ကတော့ ကိုကို့  အတ္တ တွေ ထဲမှာ ပျော်နေမိပြီထင်တယ် ကိုကိုရယ်။

တစ်ခါတလေတော့လည်း သိပ်မွန်းကြပ်တယ်သိလား ကိုယ် ချစ်ရတဲ့သူဆီက အမုန်းစကားတွေ နေ့တိုင်းကြားလာရတာ သိပ်ပင်ပန်းတယ် ။

အဲ့စကားတွေက လူကိုသေစေနိုင်လောက်တဲ့ အဆိပ် တစ်ခွက်လိုပဲ ကိုကို့ အချစ်က အဆိပ်တစ်ခွက် ဆိုရင်တောင်  နှစ်ခါ ပြန်မစဥ်းစားပဲ သောက်လိုက်မှာ။

မီးကို တိုးတဲ့ ပိုးဖလံဆိုတာ ကျနော် ဖြစ်မယ်ထင်ပါရဲ့  ပူလောင်ရ မယ်  နာကျင်ရမယ်မှန်း သိပေမဲ့  ဆက်ပြီး မိုက်မဲချင်သေးတယ်။

❤❤❤❤❤❤❤❤❤❤❤❤❤❤❤
"ရှောင်ကျန့်... ရှောင်းရှောင်ကျန့် မင်း အခုဘယ်မှာလဲ ထွက်ခဲ့စမ်း "

ခုလေးတင် အခန်းထဲ ဝင်သွားတဲ့ ရှောင်ကျန့် ဟာ ကိုကို့ အသံ ကြားတာ နဲ့ အပြေး ဆင်းလာမိတော့ သည်။

"ကိုကို...ဟင်.. ကိုကို မူးနေတာလား "

"ဟုတ်တယ် သားကျန့် သခင်လေး  မူးနေလို့ ဦးလေး လိုက်ပို့တာ"

ကိုကို့ ကို မနိုင်မနင်း သယ်နေရတဲ့ ဦးလေးယုံဝမ် က ကျန့်ကျန့်အမေးကို ဖြေလေသည်။

"ရတယ်...ရတယ်... ဦးလေး ကျန့်ကျန့် ဘာသာ ကိုကို့ ကို တွဲသွားလိုက်ပါ့မယ်  ဦးလေး နားတော့လေ ညလည်း နက်နေပြီ "

"ဒါဆို ဦးလေး သွားမယ်နော် သားကျန့် "

"ဟုတ်..ဟုတ် ဦးလေး "

ဆိုကာ ဦးလေးဆီကနေ ကိုကို့ ကို ပြောင်းယူလိုက်ပြီး  မနိုင်မနင်း နဲ့ အပေါ်ကိုတဖြည်းဖြည်းချင်းတက်ရသည်။

ကိုကို့ က ကျန့်ကျန့်ထက် အရပ်ရှည်တော့ သူ့အရပ် ကလန့်ကလား ကြီး ကို မနည်းကိုတွဲခေါ်ရသည်။
အခန်းထဲရောက်တော့ ကိုကို့ ကို ခုတင်ပေါ် ပစ်တင်လိုက်ပြီး ဖိနပ်ရယ် ခြေအိတ်ရယ်ကို ချွတ်ပေးလိုက်ပြီး ကိုကို့ ဘေး ထိုင်ကာ အပေါ်က shirt လေးကို  ကြယ်သီးလေးတွေ ဖြုတ်ပေးလိုက် ပြီး ရေပတ် တိုက်ဖို့  ရေသွားယူရဦးပေမည်။

ကိုကို့ ဘေးကထခါနီး   ကိုကို လှမ်းဆွဲလိုက်တာ​ကြောင့် ကိုကို့ ရင်ခွင်ကျယ်ကြီးထဲ ကျန့်ကျန့် လဲကျသွားလေသည် ။

ကိုကို့ ပါးစပ်ကနေလည်း နာမည်တစ်ခုကို ရွှတ်နေလေသည် ​သေချာကြားရအောင် အနားကပ် နားထောင်ကြည့်တော့ ရင်ကွဲရပြန်သည်။

မေယွဲ့ တဲ့ ....ကိုကို့ ရဲ့ ချစ်သူထင်ပါရဲ့။  ကံကောင်းလိုက်တာ ကိုကို့ အိပ်နေရင်းတောင် မမေ့နိုင်လောက်တဲ့အထိ ချစ်ရတဲ့ အဲ့မိန်းခလေး ကို အားကျတယ်သိလား။ သူသိပ်ကံကောင်းပါရဲ့။

ကိုကို့ ဆီကနေ ထလိုက်ကာ
ရေချိုးခန်း ထဲက. ရေခပ်လာပြီး သဘက်ကလေးနဲ့ ကိုကို့  ကို  ရေပတ်တိုက်ပေးလိုက်ပြီး ကိုကို့ အကျတွေထဲက T-shirt ​အပြာလက်တိုလေး ဝတ်ပေးလိုက်ပြီး အခန်းပြင်ထွက်လာမိတော့သည်။

နာကျင်ရပါတယ်....ရင်ထဲမှာ မြှားအချောင်းပေါင်းများစွာ စိုက်ဝင်နေသလိုပဲ... ကိုကို့ အချစ်ကို ကျန့်ကျန့် ဒီတသက် မရနိုင်တော့ဘူးလား။

🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰

Sean-K
#Aini

Mine (Uni + Zawgyi ) CompleteWhere stories live. Discover now