🐯 ( 20 ) 🐰 ( Unicode)

3K 151 1
                                    

မူးနောက်နောက် ခံစားချက်ကြီး အပြင် ဆိုးဝါးလှတဲ့ အနံကြောင့် ရှောင်ကျန့် မူးမေ့နေရာမှ နိုးလာလေသည်။ မျက်လုံးဖွင့်လိုက်တာနဲ့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် သွေးပျက်မတတ် ကြောက်မိသွားသည်။ မှောင်မည်းနေတဲ့ မြင်ကွင်းကြောင့် အတိတ် က နေ့တွေကိုပါ ပြန်မြင်ယောင်လာမိသည်။

ဘာတွေမှန်း မသိလောက်အောင် ဝေဝါးလွန်းတယ်။ အသက် 6 နှစ်အရွယ် ခလေးတစ်ယောက်ကို မှောင်မည်း နေတဲ့ အခန်းကျဥ်းလေးထဲမှာ ပိတ်ထားလေသည်။ ငိုယိုနေတဲ့ ခလေးတစ်ယောက်၊ တံခါးကို ထုနေတဲ့ ​လက်သေးသေးလေးတွေ။ ဦးနှောက်ထဲမှာ အစီအစဥ် မကျတဲ့ မှတ်ဉာဏ် တွေ။ ဘာတွေလဲ ။ ထိုစဥ် ဂိုဒေါင်တံခါးဖွင့်သံ ကြားလိုက်ရပြီး မိန်းခလေးတစ်ယောက်နဲ့ သူနောက် အနက်ရောင် suit တွေဝတ်ဆင်ထားတဲ့ လူတွေက ရှောင်ကျန့် ကို ကြိုးတုပ်ထားတဲ့ နေရာကို လျှောက်လာကြပြီး။
ရှေ့ဆုံးက မိန်းခလေးက စကားစပြောလေသည်။ သူမမျက်နှာမှာလည်း ဓားခုတ်ရာလိုလို ဘာလိုလို အမာရွက်က မျက်နှာကိုကန့်လန့်ဖြတ် ရှိနေသောကြောင့် နဂိုက ရုပ်ခံရှိပုံ ပေါ်ပေမဲ့ ၊ ဒဏ်ရာကြီးကြောင့် အကျည်းတန်နေသလို ။

" ဝမ်ရိပေါ် ရဲ့ အချစ်ကလေးက ယောကျာ်းလေးလို ထင်ရက်စရာမရှိအောင် ချစ်ဖို့ကောင်းနေတာပဲ ။ "

သူမက ရှောင်ကျန့် မျက်နှာကို ထိတွေ့ လာတဲ့မို့ မျက်နှာကို ဘေးဘက်စောင်းလိုက်မိသည်။

" ခင်ဗျားက ဘယ်သူမို့ ၊ ကျနော့်ကို ဖမ်းလာရတာလဲ ။ ကျနော် ခင်ဗျားကိုတွေ့လည်းမတွေ့ဖူးသလို ၊ ပက်သက်စရာအကြောင်းလည်း မရှိဘူးထင်တယ် ။ "

သူမ ခနဲ့အပြုံး ပြုံးလိုက်ပြီး

" အင်း မင်းက မသိပေမဲ့ ၊ တို့က မင်းကိုသိနေတယ်လေ ။ ပြီးတော့ မင်းက သူ့ရဲ့တစ်ခုတည်းသော အားနည်းချက်ဆိုတော့လည်း ....အာနာပေမဲ့ ။ စိတ်တော့မကောင်းဘူး ။ "

" သူ ....ဆိုတာက..."

မယုံကြည်နိုင်စွာမေးမိတော့

" မင်းသိပ်ချစ်ရတဲ့ ကိုကိုဆိုတဲ့လူပေါ့ "

" ခက်ဗျား အပေါ် ကိုကိုက ဘာတွေလုပ်ခဲ့လို့လဲ။ ပြီးတော့ ခင်ဗျားကဘယ်သူလဲ "

Mine (Uni + Zawgyi ) CompleteWhere stories live. Discover now