🐯 ( 8 ) 🐰 ( Zawgyi )

865 45 0
                                    

ဝမ်ရိပေါ် တစ်ယောက် ဒီနေ့ ဘာလို့မှန်းမသိ စိတ်တွေလေးနေတယ် မသိရင် တစ်စုံတစ်ခု ကိုဆုံးရှုံးရတော့မယ့်အတိုင်း ပဲ ။

ဒီနေ့ က ကျန့်လေး မွေးနေ့မို့ သူအလုပ်မသွားဘဲ အိမ်မှာနေဖို့ စဉ်းစား ခဲ့ပေမဲ့ အရေးကြီးအလုပ်ကိစ္စတစ်ခုကြောင့် သွားရတော့ပေမည်။ ကိုကို အလုပ်ပြီးတာနဲ့ တန်းပြန်လာခဲ့မယ်နော် ။

သူ့ခုတင်ပေါ်မှာ ဒဏ်ရာတွေကြောင့် အိပ်ပျော်နေတဲ့ ကောင်လေးရဲ့ နဖူးလေးကိုနမ်းလိုက်ကာ

" ကိုကို ပြန်လာခဲ့မယ်နော် စောင့်နေမယ် မလား "

ဆိုကာ နှုတ်ဆက်ပြီး ထွက်လာခဲ့လေသည်။

At Wang group >>>>

" ဖန်ရှင်း ခုက ဘယ်ကနေ ဘယ်လို စဖြစ်တာလဲ "

"ဟို...ဟို..."

"တောက်စ်... ဖန်ရှင်း ငါမေးရင် ဖြေတာပဲ ငါကြိုက်တယ်နော် "

"ဟုတ်.. ဟို... ဟိုဘက် Yan group က ဒီ project နဲ့ ပက်သက်ပြီး ရင်နှီးမြှပ်နှံထားတာတွေကို ပြန်နှုတ်မယ်လို့ပြောနေပါတယ် အဲဒါကြောင့် ကျန်တဲ့ ရှယ်ယာရှင်တွေလည်း လှုပ်လာကြပါပြီ "

"သူတို့စိတ်ကြိုက် လုပ်ပိုင်ခွင့်ရလိမ့်မယ်များ ထင်နေတာလား သူတို့က ဝမ်ရိပေါ်က ဘယ်သူလဲဆိုတာမေ့နေပုံဘဲ ...ခုချက်ချင်း Yan CEO နဲ့ တွေ့ဖို့ပြင်လိုက် "

ဖန်ရှင်း ခေါင်းငြိမ့်ပြလိုက်ကာ အမိန့်နာခံကြောင်းပြလိုက်သည်။

At Beijing Hotel,

"မတွေ့ရတာ ကြာပြီနော် ဝမ် သူဌေးလေး "

"ဟုတ်တာပေါ့ နေကောင်းရဲ့လား ရန် CEO "

"ကောင်းပါ့ဗျာ ခု တွေ့ဖို့ချိန်လိုက်တာက "

"ဒါကို ရန် CEO က ပိုသိရမှာ မဟုတ်ဘူးလား"

"အိုး... ဝမ်သခင်လေး သိသွားပြီပဲ ဒီတော့က ဘယ်လို လုပ်မယ်လို့ စဉ်းစားထားလဲ "

" ခင်ဗျား တစ်ခုမေ့နေပုံပဲ ကျနော်က ဝမ်ရိပေါ်ဆိုတာ"

" မမေ့ရပါဘူး ဝမ်သခင်လေးရယ် ကျနော်က အေးဆေးဆွေးနွေးချင်ယုံပါ ကျနော် သမီး မေယွဲ့ က ဝမ်သခင်လေး အပေါ်မှာ ဘယ်လို သဘောထားလဲ သိပြီးသားဖြစ်မှာ သူမှားခဲ့တယ် ဆိုပေမဲ့... "

Mine (Uni + Zawgyi ) CompleteWhere stories live. Discover now