🐯 ( 15 ) 🐰 ( Unicode )

3.5K 184 4
                                    

ရှောင်ကျန့်တစ်​ယောက် ဘယ်လောက်တောင် အတွေးကမ္ဘာထဲ နစ်မြောနေမိတယ် မသိ ကားရပ်လိုက်တော့ မှ ဘေးပတ်ဝန်းကျင်ကို ကြည်မိတော့သည်။ ဟင်...ကိုကို့အိမ်လည်း မဟုတ်ပါလား ။ အတွေးပေါင်းများစွာနဲ့ ကားပေါ်က နေဆင်းလိုက်ပြီး ကိုကို က သူ့မျက်လုံးကို အဝတ်နဲ့စည်းလိုက်တာကြောင့် ကြောင်ပြီး တောင့်တောင့်လေးရပ်နေမိသည်။

" ကိုကို..ဟို...ဟိုလေ. ..ဘာလုပ်မို့..."

သူ့စကားပင်မဆုံးလိုက်  ကိုကို့ က သူ့နှုတ်ခမ်းကို လက်ညိုးလေးနဲ့ ပိတ်လိုက်ပြီး

" ရူး..တိတ်တိတ်လေး နေပြီး ကိုကိုခေါ်တဲ့နေရာ လိုက်ခဲ့ "

သူခေါင်းညိမ့်လိုက်မိသည်။ အင်းလေ...သူမှ ကိုကို့ ကို မလွန်ဆန်နိုင်ဘဲ.. ။ ဟူး..ရင်တွေခုန်လိုက်တာ ပေါက်ထွက်တော့မယ့် အတိုင်းပဲ..။

ဘာမသိ ညာမသိနဲ့ ကိုကိုခေါ်တဲ့နေရာကို လိုက်လာခဲ့တာ တော်တော်ကြာမှ ကိုကို ရပ်လိုက်လေသည်။

သူ့ကို နောက်ကနေ မျက်လုံးစည်းထားတဲ့ အဝတ်ကိုဖြည်ပေးတော့ ရှောင်ကျန့်လည်း မျက်လုံးကို ဖြေးဖြေးခြင်းဖွင့်ပြီး သူ့ရှေ့က အရာကို ကြည့်လိုက်မိသည်။

သူ့ကို နောက်ကနေ မျက်လုံးစည်းထားတဲ့ အဝတ်ကိုဖြည်ပေးတော့ ရှောင်ကျန့်လည်း မျက်လုံးကို ဖြေးဖြေးခြင်းဖွင့်ပြီး သူ့ရှေ့က အရာကို ကြည့်လိုက်မိသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" ဝါး... လှလိုက်တာ "

" ကြိုက်လား"

" အင်း အရမ်းကြိုက်တယ် "

အနောက်ကို လှည့်ကာ ယုန်သွားလေး ပေါ်သည်ထိ ပြုံးနေတဲ့ ခလေးလေးကိုကြည့်ကာ ဝမ်ရိပေါ်  ရဲ့ အသည်းလေးကတော့ ​မြေခသွားလေပြီ ။ ဒီခလေးလေး ပြုစားနိုင်လွန်း၏ ။ ထော်နေတဲ့ နှုတ်ခမ်းလေးကို ကြည့်မိတော့ လူက မူမမှန်ချင်တော့  ဟင်း...ဆွဲလုပ်လိုက်ရရင်တော့ တစ်ပတ်လောက် မထနိုင်ဘဲ ဖြစ်တော့မယ်  စိတ်လျှော့.. စိတ်လျှော့...အခုမှ အဆင်ပြေခါစ ရှိသေးတယ် ။
သမာဓိအား ကို စမ်းသပ်တဲ့ ကောင်လေး နောက်မှ မပီအပြင် စားပြစ်ဦးမယ် ။ ဝမ်ရိပေါ်  ရဲ့ အကြံဆိုးကြီး ကိုတော့ သူ့ရှေ့က အိမ်ကိုငမ်းနေတဲ့ ယုန်ပေါက်လေးကတော့ မသိရှာ ။ 

Mine (Uni + Zawgyi ) CompleteWhere stories live. Discover now