🐯 ( 12 ) 🐰 ( Unicode )

3.7K 221 4
                                    

မှောင်မည်းနေတဲ့ အခန်းလေးထဲ ကောင်လေးတစ်ယောက်ကတော့ အရက်ပုလင်းကြီးကိုင်ကာ မူးရူးသောင်းကျန်းနေလေသည်။ သူကတော့ ဝမ်ရိပေါ် Wang Group ရဲ့ ပိုင်ရှင် ဝမ်ရိပေါ် ။

" ရိပေါ် မင်းတော်သင့်ပြီ "

အခန်းထဲဝင်လာတဲ့ ယွီပင်းက တားလေသည်။
ဟုတ်တာပေါ့ သူ့ခလေးငယ် မရှိတဲ့ ဒီတစ်လလုံးလုံး သူမှောင်မည်းနေတဲ့ အခန်းထဲမှာ အရက်ပုလင်းတွေ ဘီယာဘူးတွေနဲ့သာ အဖော်ပြုနေခဲ့လေသည်။ ခလေးငယ် မင်းသိလား မင်းမရှိတဲ့ ကိုကို့ဘဝက ဘယ်လောက်တောင် စုတ်ပြတ်နေလဲဆိုတာ လာကြည့်လှည့်ပါဦး ။

မင်းသိပ်အပုန်းကောင်းတယ်ခလေး ပုန့်းနိုင်သလောက်ပုန်းထား ကိုကို့ ဆီကနေ ပြေးနိုင်သလောက်ဝေးဝေးပြေးထား တနေ့ ကိုကို မင်းကို ရှာတွေ့တဲ့အခါ မင်းကို လှောင်အိမ်လေးထဲထည့်ထားပစ်မယ် ထပ်ထွက်မပြေးနိုင်တော့အောင် ခြေထောက်လှလှ လေးတွေကို ကိုကို ရိုက်ချိုးပစ်ရမလား ။

" Boss ကျနော်တို့ အကိုလေး ထွက်ပြေးတုန်းက ရိုက်မိထားတဲ့ cctv တစ်ခုတွေ့ထားတယ် "

" Ok ငါလာခဲ့မယ် "

တချိန်လုံး အရက်တွေပဲ စွတ်သောက်နေခဲ့တော့ လူတကိုယ်လုံး အရက်နံ့ တွေမွှန်ထူနေလေသည်။
ထွက်သွားမယ် ပြင်တော့ ယွီပင်းက

" ရိပေါ် ငါမင်းကို အရင်ကတည်းက ပြောပြီးသားပါ တကယ်လို့ မင်း ကျန့်လေး အပေါ် မချစ်ပြနိုင်ဘူးဆိုရင် သူကို လွှတ်ပေးလိုက်ပါ သူသိပ်နာကျင်နေရတာ မင်းမသိဘူးလား "

"သိတယ် ..သိပ်သိတာပေါ့ သူငါ့ကြောင့်နာကျင်ရတာတွေကို အင်း..ငါ ချစ်ပြမှာ သူကို ငါ ချစ်တယ်ဆိုတာ သူသိအောင် ပြမှာ မို့ မင်းစိတ်မပူနဲ့ ယွီပင်း ပြီးတော့ သူက တစ်သက်လုံးစာအတွက် တံဆိပ်ရိုက်နှိပ် ပြီးသားအရာတစ်ခု သူဆိုတဲ့ ရှောင်ကျန့် က ငါ့အပိုင်ပဲ "

ပြောပြီးပြီးခြင်း ထွက်လာခဲ့လေသည်။ သူ့အခန်းထဲဝင်ကာ ရေမိုးချိုးပြီး အမည်းရောင် တွေ ပဲ ရှိတဲ့ သူ့ ကျတွေထဲက black suit ကို ဝတ်လိုက်တော့ ဖြူဖွေး တောင့်တင်းနေတဲ့ သူက မိုးပေါ်က နတ်သားလေးအလား ဆံပင်ကိုလည်း Spray ဖြန်းပြီး ပုံစံသွင်းလိုက်လေသည်။ လက်မှာလည်း GUCCI နာရီ ဝတ်ထားတဲ့သူက လူတိုင်း ဦးညွတ်စရာ ကောင်းလောက်အောင် ခန့်ညားပြီး အရှိန်အဝါ အပြည့် ။

" စောင့်နေ ခလေး မင်းမေ့နေတဲ့ အရာကို ကိုယ်မှတ်မိအောင် လုပ်ပေးမယ် "

♥♥♥

ရှောင်ကျန့် တစ်ယောက် ပြတင်းပေါက်လေးဘေးမှာ ရပ်ကာ ခြံထဲက နှင်းဆီပန်းဖြူလေးတွေကို ကြည့်ကာ ငေးတွေးနေမိသည်။ အင်း ကိုကို ကော အဆင်ပြေနေရဲ့လား ဆိုတာ အရမ်းသိချင်တယ် ကိုကို ။ ကိုကို့ ကို သိပ်မုန်းချင်တယ် သိလား ။

ကိုယ့်မိဘတွေကို သတ်ခဲ့တဲ့ ကိုကို့ ကို သိပ်မုန်းချင်တယ် ။ အဲ့နေ့က ကျန့်ကျန့် အမှန်တရားတွေ သိခဲ့ရတယ်။ ကိုကို ဘာလို့ ကျန့်ကျန့် ကိုမုန်းရလဲဆိုတာလည်း သိခဲ့ရတယ်။

အင်း ဖြစ်သင့်ပါတယ် ကိုကိုကလည်း ကျန့်ကျန့်ကို မုန်းသင့်သလို ကျန့်ကျန့်လည်း ကိုကို့ ကို မုန်းသင့်တယ်။ ရက်စက်တယ်လို့လည်း မပြောရက်ပါဘူး ကျန့်ကျန့်က ကိုကို့ ကိုချစ်နေတာကို ။ အား....ခေါင်းက ကိုက်လာပြန်သည်။

" အာ့ ..."

တအားထိုးကိုက်လာတာကြောင့် ဆေးကဒ်ကို ယူလိုက်ပြီး သောက်မယ် လုပ်မှ ဘေးမှာရေခွက်မရှိမှန်း သိတော့သည်။

ကိုက်နေတဲ့ ခေါင်းကို အသာဖိကာ အောက်ကိုဆင်းလာခဲ့သည်
မီးဖိုချောင် ထဲရောက်မှ ရေခဲသေတ္တာက ရေဘူးကို ယူမယ် အလုပ် သူ့ခန္ဓာကိုယ်လေး ကခွေကျ သွားလေသည် ။

Sean-K
#Aini

Mine (Uni + Zawgyi ) CompleteOn viuen les histories. Descobreix ara