🐯 ( 22) 🐰 ( Unicode) End

5.2K 220 11
                                    

" လူနာက အခြေအနေ တော်တော် တိုးတက်နေပါပြီ ၊ မကြာခင် သတိပြန်ရမယ်လို့တော့ ခန့်မှန်းရပါတယ် ။ ဒါဆို  ကျနော်ကို သွားခွင့်ပြုပါဦး "

ဆရာဝန် ပြောစကားကြောင့် ရှောင်ကျန့် အားတက်မိသည်။ သူ ကိုကို့ ကို လာကြည့်စဥ် ကိုကို့ ရဲ့မျက်တောင် လှုပ်သွားပြီး ၊ လက်ချောင်းလေးတွေလည်း လှုပ်လာတာကြောင့် ဆရာဝန် အပြေးခေါ်ခိုင်းရခြင်းဖြစ်သည်။

" ကျိုးချန် ကိုကို ပြန်သတိရလာတော့မယ်တဲ့ ။ ငါမျှော်လင့် ခဲ့တဲ့အချိန်ကိုရောက်လာပြီပဲ အဟွတ်.....အဟွတ်....."

" အဆင်ပြေရဲ့လား ကျန့်ကျန့် "

" အင်း ပြေပါတယ် "

Wheel Chair ပေါ်ကနေ ကိုကို့လက်ကို ဆုပ်ကိုင်လိုက်ပြီး ပါးမှာ ကပ်ထားမိသည်။
အခုတလော အရမ်းအားနည်းလာတဲ့ ကျန့်ကျန့်ကို ကျိုးချန် ကြည့်ရင်း မျက်ရည်ဝဲမိသည်။ မျက်တွင်းတွေ ကျကာ အစာလည်း စားမဝင်တာကြောင့် လေတိုက်ရင်တောင် လဲတော့မယ့်ပုံ ။ ခုလည်း Wheel Chair ပေါ်မှာ မျက်ရည်အဝိုင်းသားနဲ့ ။ ကျန့်ကျန့် ရောဂါက တအားဆိုးလာတာကြောင့် ဆရာဝန်တွေလည်း လက်လျော့သွားကြပြီ ။ 

ဒီလိုနဲ့ တစ်ပတ်ဆိုတဲ့ အချိန်ကာလ တစ်ခုကို ကျော်ဖြတ်လာခဲ့တယ် ။  

" ဆရာ.....ရှောင်ကျန့်က "

" စိတ်မကောင်းပါဘူး.....ကျနော်တို့ ဘာမှ လုပ်ပေးလို့ မရနိုင်တော့ဘူး ၊ ဦးနှောက်ဆဲလ်တွေက အလုပ်လုပ်မလုပ်နိုင်တော့ပါဘူး ။ "

ကျိုးချန် ထွေကျသွားရသည်။ ခုတင်ပေါ်မှာ မေ့ဆေး အရှိန်နဲ့ အိပ်ပျော်နေတဲ့ ကျန့်ကျန့်ကို ကြည့်ကာ ချုံးပွဲကျ ငို မိသည်။

" Boss.... Boss.... မျက်စိဖွင့်လာပြီ "

" ဆရာဝန်.....ဆရာဝန်....."

အရေးပေါ် bell ကိုတီးလိုက်တော့ ဆရာဝန်တွေ၊ nurse မတွေ ပြေးဝင်လာပြီး စမ်းသပ်ကြလေသည်။

" ဝမ်းသာ စရာပါဘဲ ၊ လူနာက သတိ ပြန်ဝင်လာပြီ "

ဖန်ရှင်းတစ်ယောက် ခုမှ စိတ်ပေါ့ပါးသွားရသည်။

" ကျန့်........ကျန့်........"

" Boss "

" ကျန့်ကျန့်.......ဘယ်မှာ..."

Mine (Uni + Zawgyi ) CompleteWhere stories live. Discover now