🐯 ( 16 ) 🐰 ( Unicode )

3.1K 177 0
                                    

​ခြံထဲမှာ ခွေးလေးတွေနဲ့ ဆော့နေတဲ့ ချစ်ရသူကိုကြည့်ကာ ဝမ်ရိပေါ်တစ်ယောက် ပြုံးမိသည်။ အင်း..ခုဆို သူဘဝကြီးက တကယ်ကို ပြည့်စုံနေပြီ ။ သူ အရာအားလုံးကို လက်လွှတ်လိုက်ပြီ ကိုယ်မပိုင်ခဲ့တဲ့ အတိတ်တွေကို တွေးပြီး နာကျင်ခံစားနေမယ့်အစား ခုလက်ရှိ ကိုယ်ပိုင်တဲ့ အနာဂတ်ကိုပဲ အလှပဆုံး၊ အပျော်ရွှင်ဆုံး ဖြစ်အောင် ဖန်တီးရမှာပေါ့ ။ သူအတွေးကောင်းနေစ၍စဥ်

" ကိုကို ရေ ကိုကို... "

အတွေးထဲမှာ နစ်မြောနေတဲ့ ဝမ်ရိပေါ်တစ်ယောက် ရှောင်ကျန့်အသံကြားမှ အသိပြန်ဝင်တော့သည်။
သူဆီပြေးလာနေတဲ့ ယုန်ပေါက်လေးကိုကြည့်ကာ စိတ်ပူမိသည်။

* ကျစ် ဒီခလေးတော့ ချော်လဲတော့မှာပဲ *

" အရမ်း မပြေးလာနဲ့လေကွာ ဖြေးဖြေး လာတာမဟုတ်ဘူး ချော်လဲသွားမှ "

အနားကို ကပ်ကာ ပြုံးစိစိလုပ်ရင်း လူကို ခြွေနေပြန်သည်။

" ကိုကို ကလဲ ကိုကို့ ကို ပြောစရာ ရှိလို့ "

" ဘာများပြောချင်တာလဲ ကိုကို့ ခလေးရဲ့ "

ပေါင်ပေါ်မှာ ထိုင်နေတဲ့ ယုန်ပေါက်ရဲ့ ခါးလေးကိုဖက်ကာ ခေါင်းကို သူလေး ပခုံးပေါ်တင်ရင်း မေးလိုက်လေသည်။

" ဟို...ဟိုလေ.. ကျိုးချန်ကို လွှတ်ပေးပါလား ကိုကို "

" အင်း ကိုကို လွှတ်ပေးပြီးပါပြီ ခလေးကို ခေါ်လာတဲ့နေကတည်းက လွှတ်ပေးလိုက်တာ "

" အူး..မွ...ကိုကို့ ကို အဲ့ဒါကြောင့်ချစ်တာ"

အသည်းယားစရာ ကောင်းအောင် လူကို ခြွေနေတဲ့ ယုန်ပေါက် ကြောင့် လူက စိတ်မခိုင်ချင် ။

" ကိုကို့ ကို တအားစိတ်ဆိုးတယ်သိလား "

" ဟင် ဘာလို့ "

စကား အကောင်းပြောနေရာကနေ ရုတ်တရက် စိတ်ဆိုးတယ်လို့ ပြောတာကြောင့် အံ့ဩသွားတာတော့ အမှန် ။

" ကိုကို့ အတွက်က ကျန့်ကျန့်က ပထမဆုံးမှ မဟုတ်တာ အရင်ကဆို မိန်းခလေးတွေ အများကြီးနဲ့"

ပြောနေရင်း အသံလေးတိမ်ဝင်သွား တာ​ကြောင့် ဒီခလေးလေး စိတ်မကောင်းဖြစ်နေမှန်းသိလိုက်သည်။ အင်း..ကိုယ်တိုင်ကမှားခဲ့တာကို...

" ကိုကို ပြောပြီးသားပဲ အရင်က တွဲခဲ့တဲ့သူတွေအကုန်လုံးကို တစ်ယောက်မှ ကိုကို မချစ်ခဲ့ဘူး အပျော်တွဲခဲ့တာကြီးပဲ ကျန့်ကျန့် တစ်ယောက်တည်းကိုပဲတကယ်ချစ်တာပါ ကိုကို့ ကိုမယုံဘူးလား "

" ယုံတာပေါ့ အများကြီးယုံတယ် ဟီးး ဟီး "

" ဒါပေမဲ့ "

"ဒါပေမဲ့ ဘာဖြစ်လဲ "

"ဟီး..ကိုကိုကလဲ ဟိုလေ ကျန့်ကျန့် မွေးနေ့မှာ ကိုကို့ ကို ဖုန်းဆက်တုန်းက ကိုင်တဲ့ မေယွဲ့ ဆိုတဲ့တစ်ယောက် ကရော"

" ကိုကို ပြောပြီးသားပဲ အဲ့နေ့က ကိုကို မေ့ဆေးခပ်ခံရပြီး အိပ်ပျော်သွားတာ ကို သူက ကိုကိုမသိအောင် ကြံစည်တာ လေ ခုတော့ သူအပြစ်သူ ခံစားနေရပြီ "

" အင်းပါ ကျန့်ကျန့် ကိုကို့ ကို ယုံပါတယ်။ "

စကား ပြောနေရင်း ရင်ခွင်ထဲ အတင်းတိုးဝင်လာတဲ့ ယုန်ပေါက်လေးကြောင့် လူက အချစ်ပိုရပြန်သည်။ ဒီခလေးငယ် ကား သူ့ကို အမျိုမျိုးပြုစားနိုင်လွန်း၏။

ဤသည်ကား မုန်တိုင်းမလာခင် တိုက်ခတ်သော လေပြေလေညင်း မျှသာ ဖြစ်ပုံပေါ်၏ ။

ပျော်ရွှင်မှု့သည် အစဥ်အမြဲ တည်မြဲတတ်သော အရာမဟုတ်သည် ကား ။

Sean-K
#Aini

Mine (Uni + Zawgyi ) CompleteWhere stories live. Discover now