🐯 ( 13 )🐰 ( Zawgyi )

874 45 0
                                    

" ကျန့်ကျန့် နိုးလာပြီလား "

မျက်လုံးဖွင့်လိုက်သည်နှင့် ကျိုးချန် အသံကို ကြားလိုက်ရသည်။ ငါ...ငါက ရေသောက်ဖို့လာတာလေ ဘယ်လိုလုပ် ခုတင်ပေါ်ရောက်နေတာလဲ ။ အာ့ ခေါင်းတောင်ပြန်ကိုက်လာပြီ

" ကျိုးချန် ငါ့ကို ဆေးလေးယူပေးပါလား ခေါင်းတအားကိုက်နေလို့ "

"မင်းသောက်နေတာ ဘာဆေးလဲသိလား "

"သိတာပေါ့ ဟ ခေါင်းကိုက်ပျောက်ဆေးလေ စကားမများစမ်းနဲ့ ခေါင်းကိုက်ပါတယ်ဆိုကွာ ဆေးပေးလို့ "

"အဲ့တာတွေက ရေရှည်စွဲသောက်ရင် အာရုံကြောထိခိုက်နိုင်တယ်ဆိုတာ မင်းမသိဘူးလား "

" သိတယ် ဒါပေမဲ့ ငါခေါင်းကိုက်ရင် ဒီဆေးကလွဲပြီး တခြားဟာမတိုးတော့လို့ ။ "

"မင်း ဘာလို့ ခေါင်းကိုက်နေရလဲသိလား ကျန့်ကျန့် "

ခုတင်ပေါ်မှာထိုင်နေတဲ့ ရှောင်ကျန့်စိတ်မရှည်တော့
drip သွင်းနေလို့ပေါ့ ကွာ မဟုတ်လို့ကတော့ ဆွဲထိုးလိုက်တော့တယ် ။ ကျိုးချန်စုတ် လျှာကိုရှည်တယ် မိကျောင်းသား ။

" မသိဘူးကွာ ခေါင်းကိုက်ရတဲ့ကြားထဲ ငါ့ဆေးပေးပါဆို "

စိတ်ဆိုးပြီး နှုတ်ခမ်းလေးတထော်ထော် နဲ့ပြောနေတဲ့ ယုန်ပေါက်လေးကို ကျိုးချန်း လှမ်းဖက်လိုက်ပြီး ငိုနေမိသည်။ ဘာလို့.....ဘာလို့များ... ကျန့်ကျန့် ကိုရက်စက်ရတာလဲ မိုးနတ်မင်းကြီးရယ် .....

Flash Back >>>>>>

ကျိုးချန်တစ်ယောက် ကားနဲ့ထွက်သွားပြီးမှ ဖုန်းမပါမှန်းသိတော့သည်။ သိပ်မဝေးတော့ ပြန်လှည့်ပြီး အိမ်ထဲဝင်လာခဲ့သည်။
အပေါ်ကိုတက်ကာ အခန်းထဲက ဖုန်းယူပြီး ဘေးက ကျန့်ကျန့် အခန်းကိုကြည့်တော့ လူက မရှိ။

ဒီယုန်စုတ်လေး မီးဖိုခန်းမှာလား မသိဘူး ။ အောက်ကိုပြေးဆင်းလာပြီး မီးဖိုခန်းထဲဝင်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လက်ထဲက ဖုန်းလေးတောင် လွတ်ကျသွားလေသည်။ ကြမ်းပြင်ပေါ်လဲကျနေတဲ့ ကျန့်ကျန့် ကိုပွေ့ချီကာ သူ့အခန်းထဲခေါ်သွားပြီး
Family doctor ကိုဖုန်းဆက်ခေါ်လိုက်လေသည်။

Mine (Uni + Zawgyi ) CompleteWhere stories live. Discover now