(11)

142 19 0
                                    

"Park Chanyeol!"

"Byun Baekhyun!"

"Park Chanyeol မင်း ငါ့ကိုပြန်တောင်းပန်မလား ငါမင်းကိုထိုးရမလား "

"မင်းအရပ်မှီရင်ထိုးလေ "

"ဒီသောက်ရေးမပါတဲ့လောရှည်ကောင်ကတော့ "

တကယ်ကြီး chanyeol နောက်ကိုလက်သီးတစ်ပြင်ပြင်နှင့်လိုက်ထိုးနေတဲ့ baekhyun ။ အမောမခံနိုင်သည့်အပြင် သူ့ခြေတံတိုလေးတွေက chanyeol နဲ့ယှဉ်ရင်အလွန့်ကိုကွာခြားသည်မို့ chanyeol တကယ်တမ်းပြေးရင် baekhyun ဘယ်လိုမှလိုက်မှီမှာမဟုတ်။

သို့သော် တမင်သက်သက် baekhyun ရဲ့မျက်စိရှေ့ တွင်ပင်ပတ်ပြေးကာ ဒေါသမထွက်ထွက်အောင်ဆွနေတဲ့ chanyeol လက်ထဲမှာ မာကာပန်အနက်ရောင်လေးနှင့်။

ဆွေးနွေးပွဲတောက်လျှောက် chanyeol ပုခုံးပေါ်ခေါင်းမှီပြီးအိပ်နေခဲ့တဲ့ baekhyun ကိုစချင်သည်မို့ လူတွေပြန်သွားသည့်အချိန် နှုတ်ခမ်းမွေးကောက်ကောက်လေးနှင့် မျက်လုံးတစ်ဝိုက်သေချာဝိုင်းထားပေးတဲ့စက်ဝိုင်း နှစ်ဝိုင်း ကိုခိုးဆွဲလိုက်သည်။ ဆွဲနေရင်းတန်းလန်း အအိပ်ဆက်တဲ့ baekhyun ကနိုးလာပြီး သူ့ကိုလိုက်ထိုးနေတာဖြစ်တယ်။

ပြေးနေရင်းမောလာသည့်ပုံရတဲ့ baekhyun ကြောင့် chanyeol တမင်သက်သက်ပင်လဲကျချင်ယောင်ဆောင်ကာအမိခံပေးလိုက်သည်။

baekhyun ကလဲလျင်ပါတယ်။ chanyeol ကိုမိတာနဲ့ chanyeol လက်ထဲက မာကာပန်အနက်ကိုဆွဲလုကာ အိန္ဒိယက ဆာဒူးကြီးတွေရဲ့မုတ်ဆိတ်မွေးတွေလို ဗရဗြစ်လိုက်ဆွဲပစ်လိုက်တယ်။

"baekhyunee ငါမင်းကိုဆွဲပေးထားတဲ့နှုတ်ခမ်းမွေးလေးကလှတယ်လေ။ မင်းကကျတော့ငါ့ကို ဒီလိုကြီးတကယ်လုပ်ရက်တယ်ပေါ့ "

ရင်ခေါင်းသံကြီးနှင့်တမင်လုပ်ပြောနေတဲ့ chanyeol မျက်နှာက သောက်ရမ်းရီစရာကောင်းနေလို့ baekhyun ခွက်ခွက်လန်အော်ရီမိတယ်။

အပြုံးတွေအရီတွေက ကူးစက်တတ်တယ်ဆိုတာတကယ်။ baekhyun စပြီးရီလိုက်သည်နှင့် chanyeol ကပါပါးချိုင့်ကြီးတွေပေါ်တဲ့အထိကိုလိုက်ရီနေခဲ့တယ်။

baekhyun အားငယ်မှာစိုးလို့သူ့ဆံပင်တွေကိုတောင်ရိတ်ပစ်နိုင်ခဲ့တဲ့ကောင်လေးက ဒီမျက်နှာပေါ်ကမှင်တွေကိုရှက်နေမယ်တဲ့လား။ တစ်ယောက်သောသူကောင်လေးပျော်ရွှင်ဖို့ ဥာဏ်များနေတာအသိအသာကြီးပင်မဟုတ်ပါလော။

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now