(9)

149 22 1
                                    

Concert မစခင် တစ်ပတ်အလိုမှာ
Baekhyun ဆေးရုံတင်လိုက်ရတယ် ။

ညဘက်ရုတ်တရက်ကြီး အသက်ရှူမဝဖြစ်လာကာ
သတိတွေကရတစ်ချက်မရတစ်ချက် ။
ဒီလိုအချိန်တွေမှာတောင်
baekhyun တွေးမိလိုက်တာက Chanyeol ပဲ ။

သူ chanyeol ကိုထာဝရမတွေ့ရတော့ဘူးလား ။
chanyeol ရဲ့ လက်အကြီးကြီးတွေကို သူထာဝရ
ဆုပ်ကိုင်ခွင့်မရှိတော့ဘူးလား....။
chanyeol ရဲ့ ခပ်ဩဩ အသံကိုသူနားထောင်ခွင့်မ
ရှိတော့ဘူးလား..။
နောက်ဆုံးအနေနဲ့ chanyeol ကသူမရှိတော့ရင်
နာကျင်နေရမှာလား..။

ဒီလိုအချိန်မှာပဲ baekhyun သေချာသွားခဲ့တာက
သူ chanyeol ကို ချစ်တယ်ဆိုတာပဲ....။

Baekhyun ဆေးရုံတက်နေရတာ သုံးရက်ကျော်
သည်အထိ chanyeol သူ့ကိုလာမတွေ့ခဲ့...။

ဘာလို့လဲ သူညစဉ်ခေါ်နေကျဖုန်းကိုမကိုင်မိသွားလို့များစိတ်ဆိုးနေတာလား။

ဖုန်းလေးတောင်ပေးဆက်ခွင့်မပေးသည့်
Dr ကိုသူဘယ်လိုနားလည်အောင်ပြော ပြရမလဲ...

Chanyeol စိတ်ဆိုးနေတယ်ဆိုရင် သူချော့ရမှာ..။
သူပြန်ချော့ရင် ပထမတစ်မိနစ်မှာ သူ့ကိုမျက်စောင်း
ထိုးမယ်၊ နောက်တစ်မိနစ်မှာနှုတ်ခမ်းဆူပြမယ် ။
နောက်ဆုံးမိနစ်မှာတော့သူခေါင်းအောက်ငုံ့ပြီး ရီနေလိမ့်မယ်။ အဲ့လိုဆိုရင်သေချာပေါက်သူ့ကိုစိတ်ဆိုးပြေသွားပြီ ။ Chanyeol စိတ်ဆိုးတာကိုချော့ဖို့ Baekhyun အတွက်အချိန် သုံးမိနစ်သာလိုသည်။
ဒီလိုအကျင့်တွေကို သူဒီနှစ်လအတွင်းမှာသိခဲ့
တာဖြစ်တယ်။

chanyeol ဘက်က baekhyun ကိုစိတ်ဆိုးတာရှားတယ်။
စိတ်ဆိုးတယ်ဆိုတာလည်း baekhyun သူ့ကိုယ်သူ
မြန်မြန်သေချင်တယ်လို့ပြောမိတဲ့အချိန်တွေမှာ ပဲ။

အဲ့လိုအချိန်တွေမှာဆိုရင် chanyeol က ကလေးလို
ပဲ ။ baekhyun ကိုစကားလုံးဝမပြောတော့တဲ့အပြင်မျက်နှာချင်းတောင်မဆိုင်တော့။

လွမ်းနေပြီ တကယ့်ကိုပဲ ။
သူ chanyeol ကိုတကယ်လွမ်းနေပါပြီ... ။

"Chanyeol ah မင်းကတကယ်ဆိုးတဲ့ကောင်ပဲ
ငါ့ကိုလွမ်းအောင်လုပ်တယ် "

baekhyun သူ့ကုတင်ဘေးမှာတင်ထားတဲ့
ဖြူစွတ်နေတဲ့ကြွေပန်းအိုးသေးသေးလေးထဲက
တစ်ပွင့်တည်းသော နေကြာပန်းလေးကို ကြည့်လိုက်
သည်..

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now