17 (Final)

404 34 13
                                    

"chanyeol...ငါကြားဖူးတာရှိတယ်။
လူတွေသေဆုံးပြီး နောင်ဘဝမကူးခင်စပ်ကြားမှာ
အတိတ်မေ့ဟင်းရည် သောက်ကြရတယ်တဲ့ ။ "

"ဘယ်သူပြောတာလဲ "

chanyeol ရဲ့လက်မောင်းတွေကြားထဲမှာ
ငြိမ်ငြိမ်လေးလှဲနေတဲ့ baekhyun ကိုယ်လေးက
နူးနူးညံ့ညံ့လေး။ ဖိညှစ်မိလိုက်ရင်တောင် ကျိုးကြေ
သွားမှာစိုးရလို့ chanyeol မှာမထိရက်မကိုင်ရက်။
တစ်နေ့တစ်ခြား နုဖက်လာတဲ့ baekhyun ရဲ့အသားအရည်က ကလေးလေးတစ်ယောက်လိုပဲ။

"ဟိုဘက်အခန်းက အန်တီကြီးပြောပြတာ။
သူက တရုတ်စပ်တယ်လေ။ သူတို့တရုတ်ရိုးရာမှာ
အဲ့လိုရှိတယ်လို့ပြောတယ်။ လူတွေသေဆုံးကြတဲ့အခါ
နောက်ဘဝမရောက်ခင် အတိတ်မေ့ဟင်းရည် သောက်ကြရတယ်တဲ့ ။ အဲ့လိုမှမသောက်ရင် နောက်ဘဝရောက်တဲ့အထိ ဒီဘဝကမှတ်ဥာဏ်တွေမပျောက်ဘဲ ဘဝအသစ်မစနိုင်ကြဘူးတဲ့ "

"အဲ့တော့ baekhyunee ကယုံတယ်ပေါ့ "

ဘယ်အရာမဆို လက်တွေ့ကျကျပဲစဉ်းစားတတ်ပြီး
နတ်သမီးပုံပြင်တွေကိုမကြိုက်တဲ့ ကောင်လေးက
ဒီအကြောင်းကိုအရေးတယူပြောနေတာက
တကယ့်ကို တစ်ခုခုပါပဲ။ အဲ့တစ်ခုခုကိုလည်း
chanyeol ခံစားမိပါသေးတယ်။

"အင်း၊ ယုံကြည့်မလို့။ အကယ်၍များ
ငါပဲဖြစ်ဖြစ် ၊ chanyeol ပဲဖြစ်ဖြစ် အရင်ထွက်သွား
ရတဲ့အခါ အဲ့ဒီ့ ဟင်းရည်ကိုမသောက်ကြေးနော်။
ငါတို့နောက်ဘဝမှာ စောစောတွေ့ပြီး
အချိန်တွေအကြာကြီး ပိုချစ်ကြရအောင်။ နော်.. "

chanyeol ရင်ခွင်ထဲ ပိုလို့တိုးဝင်လာတဲ့
baekhyun ကိုယ်လေးက ခပ်နွေးနွေးလေး။
chanyeol ဖတ်ထားတာကိုအနည်းငယ်ပို၍
တင်းကျပ်လိုက်တော့ အင့် ခနဲအသံလေးကိုကြား
လိုက်ရတယ်။ chanyeol သက်ပြင်းတစ်ချက်ကို
ခပ်လေးလေးချလိုက်ရင်း baekhyun ရဲ့ ခေါင်းလေးကိုခပ်ဖွဖွနမ်းရှိုက်မိ၏။

"ဘာတွေ လျှောက်တွေးနေတာလဲ အရူးလေးရယ်။
နောင်ဘဝမကလို့ ဆယ်ဘဝပဲရှိစေအုံး ၊ ငါက baekhyunee ကို​သေချာပေါက်တွေ့အောင်လိုက်
ရှာပြီး ငါ့ကောင်လေးဖြစ်အောင်လုပ်မှာ ။
အချိန်တွေအကြာကြီးလည်း အတူတူရှိကြမယ်။
ဘိုးဘိုးကြီးတွေဖြစ်တဲ့အထိလည်းအတူတူနေကြမယ်။
အမှတ်တရတွေလည်းအများကြီးလုပ်မယ်။
အဲ့တာကြောင့် baekhyunee က ငါမရှိတော့တဲ့
အခါအများကြီးမငိုပါနဲ့။ ငါကနောက်ဘဝ ကိုအရင်
သွားနှင့်ပြီး baekhyunee ကိုစောင့်နေမှာမို့လို့
baekhyunee ကအများကြီးမငိုပဲ ပိုပြီးတော့ အသက်ရှည်ရှည်နေပြီးမှလာခဲ့။ ကြားလား အရူးလေး "

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now