(6)

180 23 13
                                    

လှမ်းလာခဲ့ပါချစ်ရသူ...
ဒီနေရာမှာထွေးပွေ့ပေးဖို့ ကိုယ်စောင့်နေတယ်...

....... .......

ဆောင်းရာသီရဲ့ညတွေကအေးတယ် ။
အေးတယ်ဆိုတာထက်ပိုတဲ့အခြေအနေ
ရေခဲမှတ်ထိရောက်နေတဲ့အချိန်
လက်တစ်စုံတည်းနဲ့နွေးထွေးစေတယ်လို့ပြောတဲ့လူက
အရူး ပဲ...။

ဟုတ်တယ် Baekhyun ရူးနေပြီထင်ပါတယ်။
ထိုခပ်ကြီးကြီးလက်တစ်စုံက သူ့ကိုနွေးထွေးတယ်လို့
ခံစားရစေခဲ့သည်...။

Baekhyun ကြယ်တွေစုံတဲ့ကောင်းကင်ကြီးကို
မော့ကြည့်နေမိသည် ။

ဘေးနားမှာချထားတဲ့ ဖုန်း screen လေးဆီတစ်ချက်
တစ်ချက်အကြည့်ရောက်သွားတိုင်း နှုတ်ခမ်းတို့က
မရည်ရွယ်ပါပဲဆူသွားမိသည်အထိကို
သူ chanyeol ဖုန်းကိုမျှော်နေခဲ့တာ ။

"ကျွန်တော်မနက်ဖြန်ညဖုန်းဆက်မယ်နော်"

ဆိုတဲ့စကားကို ယုံပြီးမျှော်နေခဲ့တာ
ညနေ5နာရီကတည်းကဖြစ်သည် ။
တကယ်တော့ 5 နာရီဆိုတာ သိပ်ကိုစောလွန်းနေမှန်း
Baekhyun သိပါသည်...။

"နောက်ငါးမိနစ်နေလို့မှမဆက်ရင် ခင်ဗျားကိုမခေါ်
တော့ဘူး "

7 နာရီထိုးဖို့ငါးမိနစ်အလိုသို့ပြလာသည့်အချိန်မှာ
Baekhyun ခပ်တိုးတိုးချိန်းခြောက်မိသည် ။
တကယ်လို့ 5 မိနစ်ထပ်ကျော်လွန်သွားရင်ရော ။
Baekhyun သေချာပေါက်စောင့်နေခဲ့အုံးမှာပါပဲ ။

အပြောင်းလဲတွေကြားကbaekhyun က
သူကိုယ်သူလည်းအံ့ဩနေမိသည် ။

7 နာရီထိုးသွားသည့်တိုင်ငြိမ်သက်နေဆဲဖုန်းလေး
ကြောင့် baekhyun တစ်ချက်ပြုံးကာ
သက်ပြင်းအရှည် ကြီးကိုချလိုက်သည် ။

ထို့နောက် သူ့မျက်နှာထက်ဝေ့ပြီးတိုက်ခတ်သွားတဲ့
လေပြည်နုနုတွေကြား နှင်းဆီရနံ့လေးတောင်ရလိုက်
သေးသည်....။

အခုတလော ဒီနှင်းဆီပန်းလေးတော်တော်မွှေးနေတာပဲ
လို့တောင်တခုတ်တရတွေးလိုက်မိသေးသည် ။

"Park Chanyeol ​ရေ။ ကျွန်တော်အကျင့်ပျက်နေပြီဗျ ။
ခင်ဗျားကိုအပြစ်ပေးသင့်ပြီထင်တာပဲ။ "

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now