(2)

378 30 2
                                    

ဘေးနားမှလက်လာတို့တဲ့အခါမှ
ပတ်ဝန်းကျင်ကိုပြန်လည်အကဲခတ်လိုက်မိသည် ။
အာ ... သူအိပ်ငိုက်သွားတာပဲ ။

ဒီပျင်းစရာကောင်းတဲ့အခြေအနေမှာအိပ်ငိုက်တာက
ထူးခြားတဲ့အခြေအနေတစ်ခုမဟုတ်ပါဘူးလေ။ 
အထူးသဖြင့် Byun Baekhyun လိုလူအတွက်။
သိုပေတိ အမြင်ပြင်းကပ်စွာ ဆေးတွေထဲအိပ်ဆေး
ထည့်ပေးသည်ဟုစွပ်ဆွဲ၍ စိတ်ထဲမှ ဟိုဆရာဝန်
အဘိုးကြီးအား မေတ္တာပို့လိုက်သေးသည်။
ထိပ်ပိုပြီးပြောင်လာပါစေ လို့ပေါ့ ။ 

"အာ!  Sorry ကျွန်တော် ကဘာပြောရမှာလဲ "

"ညီလေးရဲ့အကြောင်း ပေါ့ အထူးသဖြင့် ဒီရောဂါ... "

"အိုခေ! အိုခေ! သိပြီ
ကျွန်တော့်နာမည် Baekhyun Byun
အသက်က 19 အသက် 16 နှစ်မှာ လည်ချောင်း
ကင်ဆာဖြစ်တယ် အခုတော့ အဆုတ်ကင်ဆာပါ ဖြစ်
နေတယ် ကျွန်တော့်အထင်တော့လောကကြီးကို
နှုတ်ဆက်ဖို့ဘယ်လောက်မှမလိုတော့ဘူး။
အဲ့တော့....ဘာဆက်ပြောရအုံးမလဲ။  "

ဘာမှမဖြစ်သလိုမျက်နှာပေးနဲ့ ခံစားချက်ကင်းမဲ့နေတဲ့
သူ့ပုံစံက ဂျစ်ကန်ကန်ဆန်ပေမယ့် ဘယ်သူ့ကိုမှဂရုစိုက်မနေပါ။
ဒါပါပဲ Byun Baekhyun ရဲ့ Style
ပြောချင်တာပြောပြီးထိုင်ခုံမှာပြန်ထိုင်လိုက်သည်အထိ
ပွဲထဲကလူအချို့ကတော့သူ့ကိုကြောင်ကြည့်နေကြ
သည်။ သနားသလိုအရိပ်အငွေ့တွေရော ဘာလဲ။
ဒီလူတွေက ဘာတွေကိုသနားနေကြတာလဲ
သူတို့လည်းမကြာခင်သေကြမှာပဲကို
တကယ့်လူတွေ..

"ကျွန်တော်က Chanyeol ပါ ။
Park မျိုးနွယ်ရဲ့ ဒုတိယမြောက်သား အသက်က 20
ကျွန်တော် လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကစပြီး
သွေးကင်ဆာ ခံစားခဲ့ရတယ် ။ကျွန်တော့်သူငယ်ချင်း
ရဲ့အကြံပေးမှုနဲ့ဒီကိုဆက်သွယ်ခဲ့တယ် ဒါပါပဲ "

စိတ်မဝင်စားသလိုလုပ်နေပေမယ့် ထိုလူရဲ့အသံ
ဩဩကြောင့် Baekhyun မျက်လုံးတို့ကသူ့ဆီရောက်သွားသည်။
အရပ်ရှည်တာကိုသတိထားမိပေမယ့် မတ်တပ်ရပ်
ထားတဲ့သူ့အရပ်က ဝါး!! တော်တော်ရှည်တာပဲ ။

ရောဂါသည်တစ်ယောက်ရဲ့အသွင်အပြင်ဆိုတာ
ဘယ်နေရာမှရှာမတွေ့ချေ။ မျက်နှာရူးဖြစ်နေတာကလွဲလို့ တော်တော့်ကိုချောတဲ့လူတစ်ယောက်ပါပဲ ဟု ခပ်တိုးတိုးမှတ်ချက်ချမိသည်။

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now