(3)

252 29 2
                                    

ထူးမခြားနားတဲ့ပျင်းစရာဆွေးနွေးပွဲကြီးမြန်မြန်ပြီးပါ
စေလို့ဘုရားသခင်ထံဆုတောင်းပါတယ် ။
အား! ! တကယ့်ကို တို​နေတဲ့အသက်ပိုတိုတော့မှာပဲ ။
သီချင်းဆိုလိုက် သောက်စကားများလိုက်နဲ့ ယီးလိုပဲ ။

"Baekhyun shi အိပ်မက်က အဆိုတော်လို့ပြော
တယ်နော် "

baekhyun သူ့နာမည်ကိုခေါ်လိုက်တဲ့အသံကြောင့်
မျက်လုံးတစ်ချက်ဝေ့ကာ ကြည့်လိုက်သည်။

"ဘယ်သူပြောတာလဲ.. "

" Baekhyun shi ကိုယ်တိုင်အရင်တစ်ခေါက်ပွဲတုန်းကပြောခဲ့တာလေ။ "

Oh God!
Really? သူကိုယ်တိုင်ပြောမိတာလား။
မှတ်တောင်မမှတ်မိတော့ပါဘူး။
အိပ်ငိုက်နေတဲ့အချိန်မှာအလစ်ထမေးလို့ဖြေလိုက်မိတဲ့ပုံပဲ ။
ထားလိုက်ပါတော့ ။

"ခင်ဗျားအမြင်မှာ ကျုပ်က ဆိုနိုင်မယ်လို့ထင်နေတာ
လား "

နှာခေါင်းမှာတပ်ထားတဲ့အောက်ဆီဂျင်ပိုက်ကိုထိုးပြ
ပြီး မဲ့ပြုံးတစ်ခုနှင့်ပြောလိုက်သည် ။
ထိုစဉ်ခနတာငြိမ်သက်သွားသောစကားဝိုင်းထဲသို့
Park Chanyeol ဆိုတဲ့တစ်ယောက်ရဲ့အသံက
ဖြိုခွဲလိုက်သည်။

"ကျွန်တော့်အမြင်မှာတော့ Baekhyunee
ကအဆင်ပြေမယ်ထင်ပါတယ် ။"

Baekhyunee?
ဘယ်သူ့ခွင့်ပြုချက်နဲ့သူကခေါ်လိုက်တာလဲ ။
ဒီတစ်ယောက်ကို baekhyun တော်တော်အမြင်ကပ်လှပါပြီလေ။
အကြည့်စူးစူးတစ်ချက်ပို့ပြီးသတိပေးသလိုကြည့်
လိုက်တော့ သွာ3း2 ချောင်းလုံးဖော်ပြနေသေးသည်။

"ကဲအဲ့တာဆို ဒီတစ်ခေါက်ပွဲလေးကို
Baekhyun shi ရဲ့သီချင်းနဲ့ နိဂုံးချုပ်လိုက်ရ
အောင်... လက်ခုပ်တီးလိုက်ကြပါအုံး။ "

Chanyeol ကိုရန်ထောင်နေရင်းနှင့်ပင် baekhyun တစ်ယောက်
စင်ပေါ်သို့မိုက်ကန်းကန်းရုပ်လေးနှင့် တက်သွားလိုက်သည်  ။
Lee Yoon hyung ကမ်းပေးတဲ့မိုက်ကိုကိုင်လိုက်
တော့မှ စိုးရိမ်မှုအချို့ကစတင်ဝင်လာသည်...။

baekhyun ​စိုးရိမ်မိသွားသည်။ သူလုပ်နိုင်ပါ့မလားလေ။ မလုပ်နိုင်လဲဘာဖြစ်လဲ။ သူတို့တောင်ဆိုခိုင်းရဲသေးတာပဲ ။ baekhyun ကမဆိုရဲစရာအကြောင်းမရှိချေ။

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now