(1)

1.1K 42 15
                                    

ဘဝရဲ့ နောက်ဆုံးအချိန်ကို စိတ်ကူးယဉ်ကြည့်ဖူးလား
အင်း ရူးကြောင်ကြောင်နိုင်တဲ့မေးခွန်းတစ်ခုပဲ
ဟုတ်တယ်ဟုတ် ။ အထူးသဖြင့်
ဆယ်ကျော်သက်ကောင်ငယ်လေးတစ်ယောက်အနေနဲ့
သိပ်ကဂျိုးကဂျောင်နိုင်တဲ့မေးခွန်းတစ်ခုပဲ ။

သာမန်ဆယ်ကျော်သက်ကောင်ငယ်လေးတစ်ယောက်
ရဲ့အတွေးထဲကိုဝင်ကြည့်ဖူးလား ?
တစ်ချို့တစ်လေကတော့ လှပတဲ့ဘဝကိုပိုင်ဆိုင်ရဖို့ ၊ ဘဝကိုအေးဆေးသက်သာစွာ ကုန်ဆုံးရဖို့ ၊ တစ်ချို့တွေကတော့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ကဲ့သို့သော အိပ်မက်တွေရှိကြလိမ့်မယ်။

ချစ်ရတဲ့သူနဲ့လက်ထပ်မယ်ပြီးတော့ သားသမီးမြေးမြစ်တစ်အုံတစ်မနဲ့ အသက်ကြီးသွားတဲ့အထိနေမယ်ဆိုတာကတော့ ဖြစ်သင့်တဲ့အိပ်မက်တွေပဲလေ။

Byun Baekhyun ဆိုတဲ့ကျွန်တော့်အတွက်က
တော့ဒီလိုလှပတဲ့အိပ်မက်တွေထက်
ဒီစောက်သုံးမကျတဲ့
ဘဝကြီးကိုခပ်မြန်မြန်အဆုံးသတ်သွားစေဖို့က
အိပ်မက်တစ်ခုဖြစ်ခဲ့တယ်။

ဆယ့်နှစ်ရာသီတပ်ထားရတဲ့ အောက်ဆီဂျင်ပိုက်နဲ့
သွားလေရာဆွဲသွားရတဲ့အောက်ဆီဂျင်ဘူး ။
ရူးလောက်အောင်စိတ်ပျက်ဖို့ကောင်းတာက
ဒီလိုပုံစံနဲ့ ကျွန်တော့်ဘဝတစ်လျှောက်လုံး
ရှင်သန်သွားရမှာတဲ့။

ကျွန်တော့်အသက် 15 နှစ်အထိကတော့ သာမန်
ကောင်လေးတစ်ယောက်ပါပဲ။ သိပ်အောင်မြင်တဲ့အဆို
တော်တစ်ယောက်ဖြစ်ဖို့ကအိပ်မက်တစ်ခုဖြစ်ခဲ့တယ်။

ဒါပေမယ့် 16 နှစ်ဆိုတဲ့
ကိန်းဂဏန်းတစ်ခုကိုအပြောင်းမှာ ကျွန်တော့်
လည်ချောင်းထဲမှာ cancer cell တွေပြန့်နေပြီ
ဖြစ်ကြောင်းသိလိုက်ရတယ်။

တစ်ဆက်တည်းမှာပဲ
Cancer cell တွေကအဆုတ်ကိုပါကူးလာတယ်တဲ့။
ကျေးဇူးတင်ပါသည်ပေါ့။ ကျွန်တော့်ကို
လက်လွှတ်လိုက်ရဖို့အဆင့်ထိပြင်းထန်ခဲ့တဲ့ဒီရောဂါ
တွေကြား ဘုရားသခင်က ထူးခြားမှုတစ်ခုကိုဖန်ဆင်း
ပေးခဲ့တယ် ။

လူနာအများစုမှာအလုပ်မဖြစ်တဲ့ ကုထုံးက
ကျွန်တော့်ဆီမှာတော့အလုပ်ဖြစ်တယ်တဲ့လေ ။
ဒီလိုဖန်ဆင်းမှုအတွက် ဘုရားသခင်ကို ကျွန်တော်
ဘယ်တော့မှကျေးဇူးတင်မိမှာမဟုတ်ဘူး ။

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now