(7)

176 22 7
                                    


ကျေးဇူးပြု၍ ပြုံးနေပေးပါ...
ကျွန်တော်ကမ္ဘာကြီးရဲ့အပြုံးတွေက သိပ်လှတာဗျ...

________________________

"Baekhyunee ရေ... "

"ဘာလဲကွာ"

ဆွေးနွေးပွဲအတွင်း အိပ်မက်ပင်လယ်ထဲ
လက်ပစ်ကူးနေသော baekhyun တစ်ယောက်
ဘေးနားမှ chanyeol ရဲ့ခပ်တိုးတိုးအသံကြောင့်
စိတ်ညီးညူစွာထူးပေးလိုက်သည် ။

တကယ်ကိုပဲ ဒီ park မျိုးရိုးကအလိုက်မသိပါဘူး ။

"နောက်တစ်လနေရင် Sehun hyung ရဲ့ concert ရှိတယ်လေ.. "

"အဲ့တော့ ဆက်ပြောလေ "

Sehun ဆိုတဲ့အမည်နာမကြောင့်
Park Chanyeol ဆီသို့အာရုံစိုက်ပေးလိုက်သည်။

"သွားကြမလား "

သွားကြမလားဆိုတဲ့ အမေးစကားအဆုံးမှာ
မျက်လုံးမှေးမှေးလေးများ တစ်လက်လက်တောက်
သွားသော်လည်း ခနအတွင်းပင်
မှိုင်ကျသွားသောမျက်နှာလေးကိုဘေးတိုက်မြင်နေရ
သည့် Park Chanyeol မှာသူပြောတဲ့အထဲအမှား
ပါသွားသလားဟုပြန်စဉ်းစားမိလိုက်တော့လဲ သူ့မှာ
ဘာမှတောင်မပြောရသေးပေ ။

"မဖြစ်နိုင်ပါဘူးကွာ။ ငါ့ရဲ့ဒီလိုပုံစံနဲ့
ပြီးတော့လက်မှတ်ကလဲခနအတွင်းကုန်တာ ။
တစ်ယောက်စာရရင်တောင်ကံကောင်းပဲ။
Fan sign event တောင်ငါမတ်တပ်ကြာကြာမရပ်နိုင်လို့ဘယ်တုန်းကမှမသွားခဲ့ရဘူး ။
concert ဆိုတာကတော့ဝေလာဝေးပဲ။ "

မျက်နှာလေးကိုအောက်ချကာ
လက်ချောင်းသွယ်သွယ်လေးတွေကို
အချင်းချင်းပွတ်တိုက်နေသည့် အနှီကောင်လေးကို
ကြည့်ပြီး ငိုချင်လာသူက Chanyeol ပင် ။

မဆီမဆိုင် Sehun  hyung ကိုတောင်ဒေါသ
ဖြစ်မိသွားသည်။ အဲ့လောက်လူကြိုက်များနေရလား။

"ငါလက်မှတ်ရအောင်ဝယ်ပေးရင်ရော
လိုက်ကြည့်ပေးမလား.. baekhyunee"

ခေါင်းငုံ့နေရာမှ မျက်လုံးလေးလှန်ကြည့်လာသည့်
ထိုလူသားလေးရဲ့မျက်ဝန်းတွေမှာ
မျှော်လင့်ချက်ရေးရေးလေးတွေ
တောင်မြင်နေရသည်....။

တကယ်ပါ ကျွန်တော့် baekhyunee ကသိပ်
ချစ်ဖို့ကောင်းတာဗျ...။

"Chanyeol ကလက်မှတ်ရလာရင်ကျွန်တော်က
ငြင်းစရာလား။ "

NOT A FAIRY TALE... (COMPLETE)Where stories live. Discover now