P-8

4.1K 607 9
                                    

Part-8

“သူလေး”

နိုင်း ရည်ရွယ်ပြီးခေါ်လိုက်တာက တစ်ယောက်ပေမယ့် အနားကိုလှစ်ခနဲရောက်လာတာက တစ်ယောက်ဖြစ်သည်။ ဘေးနားမှာ ခပ်မော့မော့လာလုပ်နေသည့် သူလေးဆိုသည့်ကောင်လေးကို မကြည်ကြည့် ကြည့်ပေးလိုက်ရင်းမှ ရှေ့တူရူက လာနေသည့် ချစ်ရသူကို လှမ်းပြုံးပြလိုက်သည်။

“ကိုနိုင်းက ကျွန်တော့်ကိုခေါ်ပြီးဘာလုပ်တာလဲ”

“မင်းကိုဘယ်သူကခေါ်လို့လဲ ငါ့ချစ်သူကိုငါခေါ်တာ”

“ကိုနိုင်းပဲ သူလေး ဆို”

“အေးလေ သူလေးကိုခေါ်တာလေ မင်းကိုခေါ်တာမှမဟုတ်..ကျွတ်-သွားကွာ အာရုံနောက်တယ်။”

နိုင်း နှင်ထုတ်လိုက်တော့မှ သူလေးက စူပုတ်ပုတ်ဖြင့် လှည့်ထွက်သွားမလိုလုပ်ပြီးမှ အနားရောက်လာသည့် အောင်မြင်ဦး ကို ပေစောင်းစောင်းကကြည့်လိုက်သေးသည်။ပြီးတော့မှ ခပ်လှမ်းလှမ်း ပန်းအိုးထဲက မြေကြီးတွေကိုခက်ရင်းခွဖြင့် ခပ်နာနာ ထိုးဆွ နေလေ၏။

“ဟေ့- ဟေ့ ငါ့အပင်တွေသေရင် မင်းသေပြီမှတ်နော်”

“ကဲပါ. စကားအဖက်လုပ်ပြောမနေနဲ့ လာ”

အောင်က နိုင်း၏လက်မောင်းကိုခိုတွဲဆွဲခေါ်လျက် အိမ်ထဲကိုခေါ်လာခဲ့သည်။ ဧည့်ခန်းထဲက ဆိုဖာပေါ် ယှဉ်တွဲထိုင်ပြီးသည့်တိုင် အောင်က နိုင်းဆက်လက်မောင်းကိုမလွှတ်သေးဘဲ ရှိနေတာမို့ ထိုတွယ်ချိတ်ထားသည့် လက်ကလေးကိုကြည့်ကာ သဘောကျ နှစ်ခြိုက်ရသူကလည်း နိုင်းဆက် သည်သာ။သူ ကြည့်နေတာကိုသတိထားမိသွားသည်ထင်။ အောင်က လက်ကိုချက်ချင်းပြန် ရုတ်တော့ နိုင်းဆက် အသည်းအသန်ပြန်လိုက်ဖမ်းရင်း ထိုလက်ကလေးတစ်ဖက်ကို ရင်ဘတ်တစ်နေရာမှာ အပ်ထားစေလိုက် သည်။

“မင်းကို ဘယ်လိုချစ်လို့ချစ်မှန်းကိုမသိဘူး သူလေးရာ”

ပြုံးမလိုလုပ်နေသည့် အောင့် မျက်နှာလေးသည် သူလေးဆိုသည့်အခေါ်အဝေါ်ကြောင့် ညှိုမှောင်သွားရတော့သည်။

“အဲ့လိုမခေါ်ဖို့ပြောထားတာကို နိုင်းက တကယ်အရေးမလုပ်ဘူး ကြည့်.. ကျွန်တော်တစ်ခုခုဖြစ်မှ အဲ့နာမည်နဲ့မတည့်လို့ပါ ဆိုတာ ယုံမှာလား ပြော”

ကိုယ့်အသက်-သူလေးWhere stories live. Discover now