P-18

5.1K 700 58
                                    

အပိုင်း−၁၈

“ဂစ်တာမတီးတတ်ဘူး။”

အံ့အားသင့်သလိုမေးလာသည့် နိုင်းဆက်ကြောင့် အောင်က ယောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြ လာသည်။

“အင်းလေ.ဘာလို့လဲ နိုင်း ရဲ့။”

သူလေးထွက်သွားပြီးသုံးရက်မြောက်ရှိပြီဖြစ်တော့ အောင်က ခုတစ်လောကြည်ကြည်လင်လင်ရှိနေ သည်။နိုင်းဆက်စကားကိုလည်းနားထောင်ကာ အနားတွင်လည်းတွယ်ကပ်နေတတ်တော့ နိုင်းဆက် စိတ်ချမ်းသာရသည်။ဟိုကောင်လေးအကြောင်းတွေးမိလာသည့်အခါ မဖြစ်မနေမောင်းထုတ်လျက်  အောင်နှင့်ပျော်အောင်သာနေသည်။မကြာခင်ပဲ သူတို့ကလက်ထပ်တော့မည်မဟုတ်လား။

“အရင်က တီးတတ်တယ်လေ။ကိုယ့်ကို လိုက်တုန်းကလည်း မင်းလေးပဲ ဂီတာတီးပြခဲ့တာ။”

နှာဖျားလေးကို ချစ်စနိုးဆွဲလိမ်တော့ အောင်က ရယ်သည်။အောင့်မျက်နှာ အနားတွင်ရှိနေသည့်  နိုင်းဆက်၏မျက်နှာချောချောကို လက်တစ်ဖက်ဖြင့် အသာကိုင်မိသည်။သူ ယောကျာ်းတစ်ယောက် ကိုသဘောကျမိလိမ့်မည်ဟု ဘယ်တုန်းကမှမတွေးမိဖူး။ သူ နိုင်းဆက်ကိုတကယ်ချစ်လား မချစ်လား ဆိုတာ သေချာမပိုင်းခြားတတ်ပေမယ့် သူ့အနားရှိလျှင်ပျော်သည်။နိုင်းဆက်ကို သဘောကျသည်။ နိုင်းဆက်ဂရုစိုက်သည့်သူဖြစ်ရသည်ကိုကျေနပ်သည်။

ကြည့်နေရင်းဖြင့်ပင် အောင့် နှလုံးသားက ပူနွေးနွေးလေးဖြစ်လာကာ နိုင်းဆက် မျက်နှာနားသို့ ဖြည်းဖြည်းချင်းတိုးကပ်သွားမိသည်။နီးကပ်လာသည့် နှုတ်ခမ်းနုနုကို နိုင်းဆက်က ကြည့်ကာပြုံးရင်း မျက်လုံးမှိတ်ထားပေးလိုက်သည်။

သို့သော်..

ကိုနိုင်း..

ခေါ်သံငယ်ကိုကြားသည့်အခါ မျက်လုံးချက်ချင်းဖွင့်ရင်း အောင့်အနမ်းကိုရှောင်လွှဲမိတော့လေသည်။ အာရုံထဲမြင်လာသည်က သူလေးပဲဖြစ်သည်။သို့သော် ခု သူ့အနားက သူလေး၏မျက်ဝန်းတွေ အကြည့်တွေနှင့်မတူသည့် ယခင်က သူမြတ်နိုးခဲ့ရပါသည့် သူလေး၏မျက်ဝန်းတွေ..
ပြီးတော့ မျက်လုံးမှိတ်တုန်း ခဏသာမြင်ခဲ့ရသည့် သူလေးက ငိုနေပါသည်။သူ့ကိုကြည့်ရင်း နင့်နင့်နဲနဲငိုနေခဲ့သည်။

ကိုယ့်အသက်-သူလေးWhere stories live. Discover now