P-13

4.2K 619 4
                                    

P-13

ဆေးထိုးပေးထားသည့်အရှိန်ကြောင့် အိပ်ရာထက်တွင် မှေးစက်အိပ်ပျော်နေပြီဖြစ်သည့် သားဖြစ်သူ ကိုကြည့်ကာ ဦးဇော်အောင် သက်ပြင်းချသည်။ဘေးနားက နိုင်းဆက်ကိုကြည့်လိုက်တော့လည်း ငူငူငိုင်ငိုင်။ပခုံးကိုခပ်ဖွဖွဆုပ်ကိုင်လိုက်ကာ

“အရမ်းကြီးလည်းမစိုးရိမ်ပါနဲ့။ကိုသစ်ပြောသွားတယ်မလား။တအားမထိသွားလို့တော်ပါသေးတယ်ဆိုတာ။မင်းလည်း သွားနားတော့။ဒါနဲ့ ဟိုကလေးရော..ဘယ်လိုလုပ်လိုက်သလဲ။”

​သူပိုင်အောင်ကိုထိလျှင် သည်းမခံတတ်သည့် နိုင်းဆက်စရိုက်ကိုသိတာမို့  ဦးဇော်အောင် မေးမိလိုက်ခြင်းဖြစ်သည်။သားဖြစ်သူကို သူလည်း စိတ်မပူတာမဟုတ်။ စိတ်ပူပါသည်။ ဒါပေမဲ့ သူလေးဆိုသည့်ကလေးက ဒီလိုမျိူးကြီးလုပ်လိမ့်မယ်ဆိုတာကို သူ မယုံနိုင်အောင်လည်း ဖြစ်နေသည်။သူ့အနားရှိတိုင်း လေးစားသဖွယ်ကြည့်တတ်သည့် မျက်လုံးလေးတွေ၊ ပြောသမျှ နားထောင်ရင်း အဖော်ပြုပေးတတ်တဲ့အချိန်တွေ၊သူ့အိမ်ဘက်လာကာ ဆေးသောက်ဖို့ကို တဂျီဂျီသတိပေးတတ်သည့်အကျင့်လေးတွေ။ဒီလိုဖြစ်ပျက်သွားသည်ဆိုတာကို မတော်တဆလို့သာ ဦးဇော်အောင်က သတ်မှတ်လိုက်ချင်သည်။

“နှင်ထုတ်ပစ်လိုက်ပြီ လေးလေး။”

နိုင်းဆက်အသံကခပ်အက်အက်ထွက်ပေါ်လာတော့ ဦးဇော်အောင် သက်ပြင်းချမိတော့သည်။

“အဲ့ကောင်လေးက တကယ်ပဲ သားကိုဒီလိုလုပ်တယ်လို့ မင်းမြင်လား နိုင်းဆက်”

သူ လေးလေးနက်နက်မေးတော့ နိုင်းဆက် ကမော့ကြည့်လာသည်။စိတ်ရှုပ်ထွေးမှုများသည် နိုင်းဆက်မျက်နှာတွင် ဖုံးမရအောင်ပေါ်လွင်နေသည်။

“ကျွန်တော်သေချာမမြင်လိုက်ဘူး လေးလေး။ဒါပေမဲ့ ကျွန်တော့်ကိုမြင်တော့ အောင်က သူလုပ်တာလို့ပြောတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူပိုင်အောင်က ဘယ်လိုကောင်လေးမှန်း ကျွန်တော်တို့သိနေပြီးသားပဲ။သူများကိုတမင်သက်သက်ဘယ်တော့မှ မဟုတ်တမ်းတရား ပြောမှာ မဟုတ်ဘူး။”

“ဒါပေမဲ့ တစ်ခုခုတော့လည်း မဟုတ်သေးဘူးလို့ မင်းခံစားနေရတယ်မလား။”

ကိုယ့်အသက်-သူလေးWhere stories live. Discover now