P-16

4.5K 642 37
                                    

အပိုင်း−၁၆

“သက်သာရဲ့လားဟင်.’

နိုင်းဆက်မျက်လုံးတွေက မပွင့်တပွင့်ဖြစ်နေသည်။သူ့အိပ်ရာပေါ်တွင်ကျုံ့ကျုံ့လေးထိုင်လျက် နဖူးပေါ်ရေပတ်ဝတ်တင်ပေးနေသူကိုကြည့်ရင်းအမြင်တွေက ဇဝေဇဝါ။သူလေး.. သူ့ရဲ့သူလေးနှင့် တော်တော်တူနေသည်။

“ကိုသစ်ကိုခေါ်လိုက်မလို့ကို မခေါ်နဲ့လို့အတင်းပြောနေတော့ ကျွန်တော်စိတ်ပူနေတာ။”

အမှန်တကယ်စိတ်ပူပန်သည့်အရိပ်အယောင်တွေက သူလေးထံတွင်ဖြစ်တည်နေသည်ကို နိုင်းဆက် လက်မခံချင်ပါဘဲ လက်ခံလိုက်ရသည်။မြင်ချင်နေတာက တကယ်ဆို သူပိုင်အောင်၏မျက်နှာပေမယ့် ဒီကောင်လေးအနားမှာရှိနေတော့လည်း စိတ်ကလုံလုံခြုံခြုံ။မိဘတွေကအမြဲနိုင်ငံခြားမှာပဲ နေတာမို့ နေမကောင်းသည့်အချိန်တွေတော့ စိတ်မာလှပါသည့်ဆိုသည့် နိုင်းဆက်လည်း အားငယ်တတ်သည်။

“ရတယ် ငါသက်သာတယ်။ညက မင်းဘာနဲ့ပြန်လာတာလဲ။”

ပြောရင်း နံရံက နာရီကိုလှမ်းကြည့်လိုက်တော့ နှစ်နာရီခွဲနေလေပြီ။

“ဦးမြတ်ထင်ကိုပဲလိုက်ပို့ခိုင်းလိုက်တာပါ။ဒီရောက်တော့ ကိုနိုင်း အိပ်ရာဝင်သွားပြီဆိုတာနဲ့ စိတ်ပူလို့ ဝင်လာကြည့်လိုက်တာ။ထင်တဲ့အတိုင်းဖျားနေပြီ။ခု တော်တော်လေးသက်သာရဲ့လားဟင်”

သူ့ထံမှသက်သာပါတယ်ဆိုသည့်စကားကိုမျှော်တလင့်လင့်ဟန်ဖြင့် သူပိုင်အောင်မဟုတ်သည့် သူလေး၏ မျက်နှာထက်ကို နိုင်းဆက် လက်လှမ်းမိတော့မလိုဖြစ်ရသည်။ညအိပ်မီးမှိန်မှိန်အောက် တွင် မြင်နေရသည့် ဒီကောင်လေးက သူလေးမဟုတ်ပါမှန်းသိနေလျက်နှင့်ကို စိတ်ကအတော်လေး ရင်းနှီးကျွမ်းဝင်နေခြင်းကို အာရုံနောက်ရပါသည်။

အပြုံးတွေ.. အကြည့်တွေ.. အပြုအမူတွေ…

‘မင်းသွားတော့.’

‘ဟင့်အင်း။ကျွန်တော် တစ်ညလုံးစောင့်ပေးမှာ။မနက်မှ မသက်သာရင် ကိုသစ်ကိုခေါ်မယ်လေနော်။”

‘မင်းကိုသွားတော့လို့ပြောနေတယ်လေ။”

သူ အိပ်နေရင်းကနေပဲ အော်ဟစ်လိုက်တော့ သူလေး လန့်ကာ တုန်သွားရသည်။နိုင်းဆက်က နဖူးပေါ်က ရေစိုဝတ်ကိုလည်း ကြမ်းခင်းပေါ်ကောက်ပေါက်ပစ်လိုက်သည်။

ကိုယ့်အသက်-သူလေးWhere stories live. Discover now