P-17

4.6K 672 32
                                    

အပိုင်း−၁၇

လက်ထပ်ကြရအောင်တဲ့။ သေချာတာပေါ့။သူ ခေါင်းညိတ်ရင်းဖြင့် အောင့်ကိုရင်ခွင်ထဲပွေ့ဖက်ထားမိ လိုက်သေးသည်။သူ ဘာလို့ မလက်ထပ်နိုင်ရမှာလဲ။သူပိုင်အောင်ဆိုတာ သူတစ်ချိန်လုံး အမြတ်တနိုး ဖြင့်စောင့်ရှောက်ချစ်ပေးချင်သည့် ကောင်လေး။သူ့မြတ်နိုးရာလေး။
ဒါကို သူက ဘာလို့များမလက်ထပ်နိုင်ရမှာလဲ။လုပ်လက်စအလုပ်တွေဖြတ်ပြီးတာနှင့် သူပိုင်အောင် ဆိုတဲ့ကောင်လေးကိုလက်ထပ်ဖို့  နောက်အပတ်ထဲကိုပဲရွေးချယ်လျာထားဖြစ်ခဲ့သည်။
နိုင်းဆက်တစ်ယောက်သက်ပြင်းဖွဖွသာချလျက်  အခန်းထဲမှာပဲရှိသည့် ဝရန်တာဘက်ကို ထွက်လာခဲ့လိုက်မိသည်။ညနေစောင်းချိန်ပေမို့ ဆည်းဆာကလည်းခပ်လှလှ။အဖြေရှာမရသည့် သောကအပူတွေကို မှုတ်ထုတ်ရင်း ခြံထဲဆီသို့အကြည့်ရောက်မိသည်။
သူလေး..
သူ့ချစ်ရပါသော သူလေးသည် ငုတ်တုပ်လေးထိုင်လျက်  ပန်းအချို့ကိုငုံ့နမ်းနေသည်။ ခပ်လှမ်းလှမ်းကနေ ဘေးတစ်စောင်းသာမြင်ရပေမယ့် ပြီးပြည့်စုံသည့် ကားချပ်လိုမျိုး အသက်ဝင်နေ သည့် ချစ်ရသူကိုတွေ့သည့်အခါ စိတ်ကအေးချမ်းသွားရသည်။သူ့ခြံဘက်ကူးလာပုံရသော  ချစ်သူကို လှမ်းခေါ်မိတော့မည်တွင် သူ့ဘက်ဆီသို့မျက်နှာချင်းဆိုင်ကြည့်လာသည်ကိုမြင်သည့်အခါ နိုင်းဆက်  ရင်ထဲဒိုင်းခနဲတောင်ဖြစ်သွားရရင်း ခန္ဓာကိုယ်ပါ မတ်ခနဲဖြစ်သွားရတော့လေသည်။

“သူလေး.’

အာမေဍိတ်သံ ခပ်တိုးတိုးက နိုင်းဆက်ထံတွင်ဖြစ်တည်သည်။သူလေးက တော့ သူလေးပါပင်။ သို့သော် နိုင်းဆက်ချစ်သူ သူလေးမဟုတ်ဘဲ အောင်မြင်ဦးဆိုသည့် သူလေးဖြစ်နေလေသည်။ ထိုကောင်လေးက သူ့ကို မျက်စောင်းထိုးကာကြည့်နေသည်ကိုခံစားလိုက်ရသည်။နိုင်းဆက် နှလုံးခုန်သံတွေကမောက်ကမဖြစ်ကာ အခန်းထဲ လှည့်ဝင်လာခဲ့တော့သည်။ သူ သေချာပေါက် ခံစားသိမြင်လိုက်ရတာက သူပိုင်အောင်ပင်ဖြစ်သည်။သို့သော် အဘယ်ကြောင့်များ သေချာမြင်လိုက် ရသည့်အချိန် အောင်မြင်ဦးဆိုသည့်ကောင်လေးဖြစ်နေပါသနည်း။

သူ တစ်ညနေခင်းလုံး အောက်ထပ်မဆင်းခဲ့ပါ။အလုပ်ကိစ္စတွေလည်း မညွှန်ကြားနိုင်ဘဲ အခန်းထဲ တွင် သာလဲလျောင်းလျက်၊ထထိုင်လိုက်၊ရေသောက်လိုက်ဖြင့် အတွေးများနေမိစဉ် ဂီတာသံခပ်သဲ့သဲ့ က နားထဲပျံ့လွင့်လာသည်။ခြံထဲကမို့ သူ ဝရန်တာဘက်နောက်ထပ်တဖန် ထွက်လျက် ကြည့်မိတော့ သည်။

ကိုယ့်အသက်-သူလေးWhere stories live. Discover now