P-1

22.8K 1.1K 25
                                    

Part-1

ကျယ်လောင်သော အသံကြီးနှင့် လမ်းဘေးသစ်ပင်ကိုဘရိတ်လွတ်ကာ ဝင်တိုက်မိသည့် ကားအက်ဆီးဒင့်တစ်ခု။ကားမောင်းသူ နေရာက အမျိူးသားက ဘေးကိုလွင့်စင်ကျသွားပေမယ့်   ကားထဲက ကောင်လေးကတော့  လေအိတ်ပွင့်၍ အနည်းငယ် သက်သာ မှု ရသွားသည်။ နာကျင်ကိုက်ခဲမှုတွေကြားက ကားထဲကလွင့်သွားသူဆီ အမြန်ဆုံးဆင်းလိုက်သည်။ ပိန်ရှုံ့နေသော ကားရှေ့ခေါင်းပိုင်းက ကြောက်စရာအတိ။ ထောက်မရအောင် နာနေသည့်ခြေထောက်ကို အားတင်းလျက် သွေးတွေကြားက ချစ်ရသူနား အထိတ်တလန့် ရောက်သွားရသည်။

“ကိုနိုင်း-”

သူ အထိတ်တလန့်ဖြင့် သာသာလှုပ်နိုးမိသလို နိုင်းဆက်၏ နှာခေါင်းနားတွေ..လည်ပင်းသွေးကြောတွေ..နောက် လက်ကောက် ဝတ်ကြောတွေ စမ်းသပ်ကြည့်မိရင်း နှလုံးသားတစ်ခုလုံးကွဲကြေသလိုခံစားလိုက်ရသည်။ရှင်သန်နေသည့် တစ်စုံတစ်ရာသော သက်သေ တစ်ခုမှ စမ်းသပ်မရသည့်အခါ သူ ဆောက်တည်ရာမရဖြစ်သွားရရင်း နိုင်းဆက် ပါးပြင်လေးတွေကို လှုပ်ကိုင်ရင်း တောင်းပန်စကားအထပ်ထပ်ဆိုသလို  အသိတရားလည်း လွတ်ထွက်သွားရပါတော့သည်။

“ဟင့်အင်း ကိုနိုင်း ဒီလိုဖြစ်လို့မရဘူး။ကျွန်တော်ပဲသွားပါရစေ ကျွန်တော်ပဲဖြစ်ပါရစေ ကိုနိုင်းရယ်.။ကိုနိုင်းကို ကယ်ပေးကြပါ.”

သတိလွတ်နေသည့်ချိန်မှာပင် စိတ်က ထိုစကားတို့သာ အထပ်ထပ်ဆိုနေမိသည်။ နိုင်းဆက်ကို သူဘယ်လိုမှ လက်လွတ် အဆုံးရှုံးမခံနိုင်။ နိုင်းဆက်ရှင်သန်နေမည်ဆို သူ ဘာပဲဖြစ်ဖြစ် လက်ခံနိုင်ပါသည်။သတိမဲ့နေသည့် အတွေးအစဉ်ထဲ အဖြူရောင် အရိပ်အငွေ့တွေ ပြေးလွှားလှုပ်ရှားနေကြသည့်ထဲ နိုင်းဆက်၏အရိပ်အယောင်လေးက သူနှင့်တဖြည်းဖြည်းချင်းဝေးကွာ သွားသည့်အခါ စိုးရိမ်တကြီးနှင့် အသံကုန်အော်ဟစ်မိလေတော့သည်။

“ကိုနိုင်း-”

နာကျင်ကိုက်ခဲရင်း လေးလံနေသည့်မျက်ခွံတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ဦးဆုံးမြင်ရသည်က မျက်နှာကြက်ဖြူဖြူ။ခေါင်း လှုပ်ရှားနိုင်သည်ကြောင့် ဘေးဘီမျက်လုံးလည်ကြည့်လိုက်တော့ ဆေးရုံတစ်ခုတွင်ဖြစ်ဟန်တူသည်။

ကိုယ့်အသက်-သူလေးWhere stories live. Discover now