အပိုင်း−၁၉
ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ငြိမ်သက်နေသည့် နိုင်းဆက်အနားသို့ အောင်က ဖြည်းဖြည်းချင်းတိုးလာခဲ့ သည်။မူမမှန်ဘဲငြိမ်သက်နေသည့် နိုင်းကိုလည်းအာရုံရပုံမရဘဲ အာရုံလွင့်နေပုံရသည့် နိုင်းဆက်၏ မေးဖျားကိုတစ်ချက်ကိုင်ကာ အောင်ကပြုံးသည်။ အခြေအနေပေးလာသည့်အလျောက် ယောကျာ်း တစ်ယောက်ကို တစ်သက်လုံးချစ်နိုင်ပါ့မလားမသိပေမယ့် ဒီလူနှင့် တစ်သက်လုံး ကုန်ဆုံးသွားရ လည်းမဆိုးပါဟုတွေးမိသည်။
“အောင်.’
‘ဟင်”
အနမ်းပေးခံနီးမှ နိုင်းဆက်က စကားစလာသဖြင့် အောင့်နှုတ်ခမ်းတွေ နိုင်းဆက်အနားမရောက်ခင် လေးမှာတန့်သွားသည်။နိုင်းဆက်က သူ့မျက်လုံးတွေကိုစိုက်ကြည့်လာခဲ့၏။
“ဟိုးအရင်နှစ် မင်းမွေးနေ့တုန်းက ကိုယ်ပေးခဲ့တဲ့ နာရီလေး ရှိသေးလား။အဲ့တုန်းက မင်း အဲ့ဒါကို မချွတ်တမ်းကိုဝတ်ထားခဲ့တာလေ။ကြိုက်လွန်းလို့ဆိုပြီး။”
‘ဟင်.. ရှိ… ရှိလောက်ပါတယ်။အခန်းထဲမှာပဲ ကျွန်တော်သေချာမရှာရသေးလို့ ရှိလောက်တယ်။”
‘တော်သေးတာပေါ့။ဒါနဲ့လေ မင်းမွေးနေ့ရောက်တော့မယ်နော် ရှေ့လထဲကျရင်.’
‘ဟုတ်လား။ ကျွန်တော်တောင် သတိမထားမိဘူး။ဒါဆို နိုင်းက ကျွန်တော့်ကို မွေးနေ့လက်ဆောင် ဘာပေးမှာလဲပြော။”
ပြုံးရယ်လျက်ပြောနေသည့် သူပိုင်အောင့်မျက်နှာလှလှလေးကိုကြည့်ရင်း နိုင်းဆက်ရင်ဘတ်တွေ အောင့်တက်လာရသည်။မျက်သားတွေပါနာကျင်လာသည်ထိ ခံစားချက်တွေ ကိုထိန်းထားရ လေ သည်။
…နာရီ မယူဘူးနော်. ကိုနိုင်းနဲ့ဝေးနေရတဲ့အချိန်တွေကို တွေးတောင်မတွေးချင်လို့ မွေးနေ့တိုင်း ဘယ်တော့မှ နာရီမပေးရဘူး။….
သူလေးပြောခဲ့ဖူးပါသော စကားတွေ..
ပြီးတော့ အောင်မြင်ဦး ဆိုပါသည့် သူလေး..
…ကိုနိုင်း တကယ်ပဲ ကျွန်တော့်ကိုမသိဘူးလား.
……..ကျွန်တော်က ချစ်တာပါ။ကိုနို်ငးကို ဟိုးငယ်ကတည်းကချစ်တာ။ချစ်တတ်ပါပြီဆိုကတည်း နိုင်းဆက်ဆိုတဲ့ယောကျာ်းတစ်ယောက်ကိုပဲချစ်ခဲ့တာ။ပြောဖူးတယ်မလား ကိုနိုင်းက ကျွန်တော့်ဘဝကြီးထဲ ဘဝကလေးလေ…