💙Part.1💙

2.2K 110 5
                                    

ကျန်းကျယ်ဟန်တစ်ယောက် ကြော်ငြာကိစ္စနဲ့နိုင်ငံခြားကိုရောက်နေသည်မှာလေးရက်မြောက်နေ့ဖြစ်သည်။ဒီနေ့တော့ပြန်ရတော့မည်ကိုတွေးရင်းပျော်နေမိသည်။ ပြန်မယ်လိုသာပြောတာ ဟိုရောက်ရင်ရိုက်လက်စကားအတွက်ရိုက်ကွင်းသွားရဦးမည်ကိုတွေးရင်းသက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။မင်းသားအလုပ်သည်မိမိဝါသနာဖြစ်သည့်အတွက်ကြောင့်သာဒီလောက်အခက်အခဲတွေကြားထဲကဒီနေရာထိရောက်အောင်ကြိုးစားခဲ့ရတာမဟုတ်လား။ဟိုတယ်တံခါးကနေအပြင်ဘက်အ‌ဆောက်အဦးတွေကိုကြည့်ရင်းအတွေးနယ်ချဲ့မိတာဘယ်ဆီရောက်မှန်းတောင်မသိတော့။ထိုအချိန်
"ရှောင်ကျယ့် ရှောင်ကျယ့် "ဟုအခန်းအပြင်မှခေါ်သံသေချာပေါက်မိမိရဲ့မန်နေဂျာ ယွီလန်ပင်။
"ဒီညရှစ်နာရီလေယာဉ်လက်မှတ်ဖြတ်ထားတယ် ဟိုကိုမနက်ဖြန်ရှုတင်အချိန်မှီပြန်ရောက်လိမ့်မယ်။ ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်"
သူ့ကိုကြည့်ရသည်မှာ ကျယ်ဟန့်မျက်လုံးထဲတွင်အလွန်အချိန်မမှီမှာပူပန်နေသည်။
"ယွီလန်..အချိန်အများကြီးလိုသေးတာကိုဘာတွေပူပန်နေဝာာလဲ ဟမ် မင်းကတော့လေ အမြဲတမ်းဒီလိုပဲ"
"ဪမစ္စတာကျယ်ဟန်မင်းကတော့ပြောနိုင်တယ် တခုခု‌ဆိုငါပဲအပြောခဲနေရတာ မင်းကိုဘယ်သူမှပြောကြတာမဟုတ်ဘူး"
နေဂျာသာမဟုတ်ကျယ်ဟန့်အတွက်ညီအစ်ကိုလိုတစ်မျိုးသူငယ်ချင်းလိုတမျိုးအားကိုးအားထားရသည့်မိသားစု၀င်ဆိုလည်းမမှားပေ။
"အာ....ဒါနဲ့သူဌေးပိုင်နဲ့ကြော်ငြာကိစ္စကရောဘာထပ်ပြော‌သေးလဲငါ့ကိုဘာမှမဆက်သွယ်လာလို့ မင်းကိုပြောမလားလို့ အေးလေမေးချင်‌ရင်ငါ့ပဲလာပြောရမှာပေါ့ အဲ့ဒါက......"ယွီလန်စကားမဆုံးသေး
"ငါဖျက်လိုက်တယ် "
"အာ ဘာဘာ ပြောဝာာမင်းမင်းကဘာလုပ်....."
"အဲ့လူ့ကြီးစကားပြောတဲ့ပုံစံကိုမကြိုက်လို့ပြောတာအထက်စီးဆန်လွန်းတယ်ဘာလဲငါမှားလို့လား မှားလည်းမတတ်နိုင်ဘူးလုပ်တာကလုပ်ပြီးပြီ"
"အိုက်ယိုး...‌ဟုတ်ကဲ့ခင်ဗျားလေးလုပ်တာပဲမှန်တာပါ။ကျွန်တော်မျိုးမှားပါတယ်။ဘယ်တုန်းကရောတိုင်ပင်ဖူးလို့လဲလုပ်လိုက်တိုင်း။ညကျရင်ထွက်မှာလုပ်စရာရှိတာသာလုပ်တော့ကျန်တာဒီကလူကြီးလုပ်လိုက်ပါ့မယ်"။
ကျယ်ဟန်တစ်ယောက်ပြုံးဖြီးဖြီဖြင့်မျက်နှာ‌ေပြာင်ပြရင်းအ‌ေရှ့ကထွက်သွားသည်။
ယွီလန်ကောင်းမှု့ဖြင့်လေဆိပ်သို့စောစီးစွာရောက်လာသည်။တခုကောင်းသည်ကဒီနေရာသည်တရုတ်မှာကဲ့သို့ဖန်များစွာမရှိနေခြင်းပင်
ထို့ကြောင့်အေးဆေးစွာနေနိုင်သည်။
လွတ်လပ်နေသည့်ကလေးတစ်ယောက်ကဲ့သို့လေဆိပ်အတွင်းရှိမုန့်ဆိုင်သို့သွားရင်းမုန့်များ၀ယ်စားနေသောကျယ်ဟန်အားယွီလန်ကြည့်ရင်းခေါင်းခါနေမိသည်။သို့သော်မင်းသားတစ်ယောက်အတွက်မှုဤအခိုက်အတန့်လေးကသာအလွတ်အလပ်ဆုံးအချိန်ဖြစ်တာကိုသူကိုယ်တိုင်လည်းနားလည်သည်။ထို့အပြင်ထိုအချိန်တွင်တွေ့ရသည့်ကျယ်ဟန့်ရဲ့ပုံစံသည်အပြစ်ကင်းသောကလေးငယ်သဖွယ်။
"ကျယ်ဟန်အစားလျှော့စားကွအစာမကြေဖြစ်နေမယ်ကိုယ့်အကြောင့်ကိုယ်သိ"
"သိပါတယ်ငါရဲ့ပါပါးရယ်"
နှစ်ယောက်သားအငြင်းအခုန်စကားပြောနေရင်းမိမိတို့အရှေ့တွင်အဖိုးအိုတစ်ဦးရုတ်တရက်မေံလဲသွားသည်ကိုသတ်ပြုမိလိုက်သည်။
ကျယ်ဟန်တစ်ယောက်အပြေးသွားရင်း
"ဦလေး ဦးလေး သတိထားပါဦ်း ဦးလေး တစ်ယောက်ယောက်အရေးပေါ်ခေါ်ပေးပါဦး ယွီလန် မင်းသွားခေါ်လိုက်‌"
လေဆိပ်ထဲရှိလူများဝိုင်းအုံလာကြသည်။ကျယ်ဟန်သည်ဆေးဗဟုသုတနည်းနည်းရှိသည်မို့အရေးပေါ်အဖွဲ့မလာသေးခင်မိမိတတ်‌သလောက်လုပ်ပေးနေသည်။
ထိုအချိန်...လူအုပ်ကြားထဲမှာအရပ်ရှည်ရှည်နှင့်လူတစ်ယောက်ထွက်လာသည်ကိုကျယ်ဟန်သတိပြုမိသည်။ထိုလူသည်အဘိုးရဲ့အနားသို့ကပ်လာပြီးဦးစွာနှလုံးခုန်သံကပ်နားထောင်လိုက်သည်။ထို့နောက်ထိုလူသည်...
"လုပ်ထားတာကောင်းတယ် ဘောပင်နဲ့လက်ကိုင်ပဝါပါလား"
"အာ....ပါပါတယ်‌ဒီမှာ"ကျယ်ဟန်လည်းထိုလူအားမိမိတွင်ပါလာသည်ကိုပေးလိုက်သည်။လက်ကိုင်ပဝါနဲ့ဘောပင်ဆောင်ထားတတ်သည့်မိမိရဲ့အကျင့်ကောင်းကိုစိတ်ထဲတွင်ချီးမွန်းနေမိသည်။
ထိုလူသည်မိမိဆီမှယူလိုက်ရင်းလက်ကိုင်ပဝါပေါ်တွင်ဘောပင်ဖြင့်ရောဂါအခြေ‌အနေကိုရေးလိုက်သည်။ကျယ်ဟန်သည်လည်၀ယ်သူတစ်ယောက်ဖြစ်သည့်အတွက်ထိုလူကိုဆရာ၀န်တစ်ယောက်ဖြစ်ကြောင်းစိတ်ထဲတွင်ပင်ကောက်ချက်ချလိုက်သည်။စာရေးနေသည့်လက်များသည်ရှည်သွယ်ကာလှပသည်။သတိပိုထားမိသည်က မိမိနှင့်တူသည့်လက်ခလယ်နေရာတွင်မှဲ့ပါနေခြင်းပင်။
စိတ်ထဲတွင်မူ"ဪဒီလူလည်းငါလိုပဲမှဲ့ပါတယ်လက်ချောင်းတွေကလည်းတော‌်တော်တောင်လှတယ်ဆိုတော့ငါ့လိုပဲချောမှာသေချာ....."စကားပင်မဆုံးသေး
"Okay ရောဂါအခြေ‌အနေကိုသူ့လက်မှာလက်ကိုင်ပုဝါနဲ့သေချာပတ်ပေးထားပါတယ်ကျန်တာတော့ဆေးရုံကဆရာ၀န်ဆက်လုပ်ပါလိမ့်မယ်"အရေးပေါ်ကယ်ဆယ်ရေးမှလူများအားပြောနေခြင်ဖြစ်သည်။
ကျယ်ဟန်တစ်ယောက်အနောက်တွင်မိမိဘောပင်ပြန်ပေးမည့်အချိန်ကိုစောင့်နေသည်။သို့သော်ထိုလူသည်ဘာမပြောညာမပြောနှင့်လူနာအားလိုက်ပို့ရင်းရှေ့မှလူအုပ်ကြားထဲတွင်ပျောက်သွာခဲ့သည်။
"ဟိုဟို....ဟိုလူကျွန်တော့်ဘောပင်....ဟေးး"
လူအုပ်သည်အစကမှနည်းသေးသည်ဘယ်လိုကြောင့်အခုမှပိုများလာလည်းတော့မသိ။အခုတော့ကျယ်ဟန်တစ်ယောက်ကျေးဇူးတင်စကားအ‌ပြောခံရမယ့်သာသာမိမိဘောပင်ပင်ဆုံးသွားသည်။ဗြစ်ဗြစ်တောက်တောက်ပြောရင်းနောက်အလှည့်‌တွင်ပြန်ရောက်နေသည့်ယွီလန်ကလက်ပိုက်ကြည့်နေသည်။
"ပြောလို့ပြီးပြီလား သွားမယ်အချိန်ရောက်ပြီ"
"မင်းမသိပါဘူးငါတော်တော်စိတ်တိုနေတာ ဘာသိလဲငါ့ဘောပင်ဆုံးသွားပြီ"
"ထားလိုက်ပါတော့ကွာလာခဲ့ အဲ့တာနဲ့ပဲမင်းကအဲ့လူနောက်လိုက်‌သွားတော့မလို့လား"
"အဲ့တာငါ့ကိုအရင်တည်းကဖန်တစ်ယောက်ပေးထားတာကွ ပထမဆုံးအပေးခံခဲ့ရတဲ့လက်ဆောင်"
‌"လာပါအကိုရယ်နောက်မှဒီကညီလေးကအများကြီး၀ယ်ပေးမယ်"
ကျယ်ဟန်တစ်ယောက်မကြေမချမ်းဖြင့်လေယာဉ်ခရီးတစ်‌လျှောက်ထိုအကြောင်းသာအက်ကြောင်းထပ်နေခဲ့သည်။
"လူပုံစံနဲ့တကယ်မထင်ရဘူး ဘာသူများဟာကိုမှပြန်မပေးဘဲ ကျေးဇူးတင်စကားမရလည်းရပါတယ်အခုဟာက ဘယ်လိုလူလဲဒီလူက"
ယွီလန်ကတော့နားကြပ်တပ်ထားရင်းသာအိပ်နေခဲ့တော့သည်။
ညဆယ့်တစ်ခွဲ‌ပေကျင်းလေဆိပ်သို့ရောက်သည်။ညဘက်တွင်မူလာစောင်‌့နေကြသည့်ဖန်များကနည်းနည်းနောနောမဟုတ်။လုံခြုံရေးများဖြင့်တိုးဝှေ့ကာထွက်ခဲ့ရသည်။သို့သော်မိမိထက်ကျယ်ဟန်ဖန်များထိခိုက်မည်ကိုမလိုလားသောကကြောင့်မတိုးရန်ပြောရင်း ထိုအချိန်တစ်ဘက်ခြမ်းသို့အလှည့်တွင် မိမိဘောပင်ယူသွားခဲ့သည့်လူပုံစံနှင့်ဆင်သည့်လူကိုတွေ့ လိုက်သည်မျက်နှာမမှတ်မိသော်လည်း အရပ်‌အနေအထားနှင့်ပုံစံကိုကြည့်ရုံဖြင့်မှတ်မိနိုင်သည်။ထို့အပြင်အကျိအရောင်။လူအုပ်ကြားထဲမှတိုးနိုင်သမျှတိုးပြီးအမြန်ထွက်လာခဲ့ရင်းပြေးထွက်လာကာထိုလူနောက်သို့လိုက်ခဲ့သည်။သို့သော်ကောက်ရိုးပုံကြားအပ်ပျောက်သည်ကိုလိုက်ရှာနေသလိုပင်။ယွီလနိသည်ပင်အနောက်၌ကျန်ခဲ့ရသည်။သို့သော်အစပင်မတွေ့တော့။
"ရှောင်ကျယ် ရှောင်ကျယ် မင်းဘာဖြစ်ပြန်ပြီလဲကွာ ငါ့မှာကလေးလိုက်ထိန်းနေရသလိုပဲ"
"ယွီလန်ငါဟိုလူကိုတွေ့လိုက်တယ်သေချာတယ်အဲ့ပုံစံပဲငါ့ဘောပင်လေ"
ယွီလန်မှာမူမောဟိုက်နေသောလေသံဖြင့်
"လောကမှာတူတဲ့လူတွေအများကြီးရှိတာအဲ့တာနဲ့ပဲသူဖြစ်တာလားသေပါရော ဧကန္တ...."
ကျယ်ဟန်စိတ်၀င်စားသောလေသံဖြင့်
"ဧကန္တဘာဖြစ်လဲ....."
"ဧကန္တသရဲများလား မင်းကိုကြိုက်လို့လိုက်ကပါနေတာလေ ဟားဟားဟား"
"ကျောက်ယွီလန်......မင်းသေချင်နေပြီလား"
‌ကျယ်ဟန်ရိုက်ဖို့ပြင်လိုက်ရင်း
"‌တော်ပြီအိမ်ပြန်နားတော့မယ် ငါ့ပထမဆုံးဖန်လပေးခဲ့တဲ့ဟာမလို့ဒီလောက်ဖြစ်နေတာနောက်ဆိုဒီလူ့ကိုစိတ်ထဲတောင်မထည့်ဘူး"
"အေးအတွေးကောင်းပဲမြန်မြန်ပြန်ရအောင်ငါဗိုက်ဆာနေပြီကွ မနက်ကျရင်အစောကြီးရှုတင်ရှိသေးတယ်"
ကျယ်ဟန်မိမိအိမ်သို့ပြန်ရောက်ရင်းကိုယ်လက်သန့်စင်ပြီးအနားယူလိုက်သည်။
"ရပါတယ်ကျွန်တော်အဆင်ပြေတယ် ရတယ်ဘာမှမဖြစ်ဘူး"အိမ်မက်ထဲရှိနှစ်ဆယ်ကျော်ကောင်လေးတစ်ယောက်အလေးအိတ်များမနေရင်းလဲကျသွားသည်တစ်ကိုယ်လုံးတွင်လည်းချွေးများဖြင့်။ထိုအချိန်နောက်မှရောက်လာသောကျောင်းသားလေးတစ်ယောက်မိမိကိုလက်ဖြင့်ထိန်းထားပေးရင်း။မျက်နှာမော့ကြည့်ရန်မော့လိုက်သောအခါနေရောင်ခြည်ထဲတွင်တ‌ဖြေးဖြေးပျောက်ကွယ်သွားခဲ့သည်။ထိုအချိနိကျယ်ဟန်တစ်ယောက်ဘေးမှနှိုးစက်သံကြောင့်မနက်ရောက်သည်ကိုသိလိုက်သည်။

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now