💙Part.4💙

569 82 5
                                    

မနက်မိုးလင်းတာနဲ့ကျောင်းသွားဖို့အထုတ်မ
အပိုးပြင်ပြီး တိုက်ခွမ်းကိုပင်မစောင့်တော့ပေ။ မိမိဘာလုပ်ဖို့ပျော်နေတယ်ဆိုတာတော့ကုန်းကျွင်းအသိဆုံး။

"တိုက်ခွမ်း ငါသွားပြီ မင်းတစ်ယောက်တည်းသွားလိုက်တော့ကျောင်းကို"

"ဟမ်...ဒီနေ့ကျမှဘာလို့အစောကြီးလဲ ပုံမှန်ဆိုကျောင်းမှီအောင်မနည်းပြေးနေတဲ့လူက ကျွင်းကျွင်းငါမင်းကိုကြောက်လာပြီထူးဆန်းနေတာ ညကလည်းပြုံးစိစိနဲ့ အီးးးးးး"

တိုက်ခွမ်းတစ်ယောက်ကုန်းကျွင်းပခုံးကိုသွားဖက်လိုက်ရင်း "မင်း..ငါ့ကိုမှန်မှန်ပြော ဘယ်သွားမှာလဲ။မဟုတ်ရင်ငါ မင်းကိုကြိုက်တဲ့ကျောင်းကကောင်မလေးတွေကို မင်းပုံတွေတောင်းထားတာပို့လိုက်မယ် ဘလာဘလာ"

"လုပ်ချင်တာသာလုပ် ငါကတော့ပြောမှာမဟုတ်ဘူး"ကုန်းကျွင်းပုခုံးတွန့်ပြကာလေချွန်လျက်ထွက်သွားတော့မည်အလုပ်။

"မင်းဟို မင်းသားဆီသွားမလို့မလား ငါမသိဘူးများထင်နေတာလားကွာဟမ် ငါ့ရဲ့သူငယ်ချင်းလေး ထင်သားပဲအဲ့နေ့ထဲကထူးဆန်းနေတာ ဟားဟားး နောက်ဆုံးတော့လည်းတွေ့ရှိသွားခဲ့ပြီကိုး။"

"မင်းသိ‌ေနတာလား။သိ‌ေနရင်လည်းဘယ်သူ့ကိုမှသွားပြောမနေနဲ့ သူ့ကိုထိခိုက်မှာငါမလိုလားဘူး "

"ကျွင်းကျွင်း မင်းဘယ်လူကိုချစ်မိပါစေ မင်းရွေးချယ်တဲ့ဘက်မှာဘယ်သူမှမရှိရင်တောင်ငါမင်းဘက်မှာအမြဲတမ်းရှိတယ်။ ပြီးတော့ကျန်းကျယ်ဟန်ဆိုတာ သူ့ဘ၀ကကအဆင်ပြေချောမွေ့နေတာမဟုတ်ဘူး။"
ကုန်းကျွင်းဘာမှမပြောတော့ဘဲ သွားတော့မယ်တစ်ခွန်းသာပြောကာပြံုးပြပြီးထွက်လာခဲ့လိုက်တယ်။

လမ်းတစ်လျှောက်လုံးအပူအပင်ကင်းမဲ့စွာ နားကြပ်နဲ့သီချင်းနားထောင်ရင်း ပျော်ရွှင်နေသောခြေလှမ်းများနဲ့ တစိယောက်သောသူဆီကိုရောက်အောင်လာခဲ့သည်။

"ဟိုတစ်ယောက် မြန်မြန်လျှောက် အမြဲNGမိနေတာ မလုပ်နိုင်ရင်လည်းပြန်တော့။ ဘယ်လိုလျှောင်နေကြလဲမသိဘူး ကဒ်ကဒ်"

ရိုက်ကွင်းသို့ရောက်လာချင်းမှာပင်ကြားလိုက်ရသောအသံကြောင့်ထိုနေရာသို့လျှောက်လာခဲ့သည်။

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now