💙Part.6💙

499 76 4
                                    

"တီတီ.....တီတီ."နှိုးစက်မြည်တဲ့အသံကြားကြားချင်း ကုန်းကျွင်းမျက်လုံးပွတ်ကာ အိပ်ယာမှအလူးအလဲထလာသည်။ထတာနဲ့ချက်ချင်းလုပ်တဲ့အလုပ်ကတော့တခြားမဟုတ် ဖုန်းဖွင့်ပြီးကျန်းကျယ်ဟန်ဆီ စာပို့တဲ့အလုပ်ပင်။

'ကောနိုးပြီလား။မောနင်းပါ'

အခုလအတွင်းထဲမှာ ကျယ်ဟန်နဲ့ကုန်းကျွင်းရဲ့ ရင်းနှီးမှု့က အရင်နဲ့မတူလောက်အောင်အရမ်းတိုးတက်လာတယ်။ ကျယ်ဟန်ရေချိုးသဘက်သုတ်နေရင်းမိမိဆီ၀င်လာတဲ့စာကို ဖတ်ကြည့်မိသည်။

"ဟက်.....ကျွင်းကျွင်းပဲ"ဟုပါးစပ်မှပြောရင်းလက်ကအရင်စာရိုက်နေခဲ့သည်။

'‌‌ ကောအခုပဲရေချိုးပြီးတာ။' ထို့နောက်ကျယ်ဟန်အချိန်အတန်ကြာစဉ်းစားပြီးနောက် ဖုန်းခေါ်လိုက်လေသည်။

"ဟဲလို ကျွင်းကျွင်းကြားရလား "

"........." တစ်ဖက်ကမူခေတ္တတိတ်ဆိတ်ဆဲ

"ဟဲလို ‌ကျွင်းကျွင်းကောအသံကြားရလားလို့"

"ဪ..ဟုတ်..ကဲ့ကောကြားရပါတယ်"

မည်သည့်အခါဖြစ်စေ ကျယ်ဟန်ထိုသို့မထင်မှတ်ပဲလုပ်လိုက်သော အပြုအမူတို့သည် ကုန်းကျွင်းအတွက်ရင်ခုန်ရစမြဲ။

"ကော မင်းကိုပြောစရာရှိလို့။ ဒီနေ့ကောရိုက်ကူးရေးနဲ့စီချွမ်ကိုသွားရမှာ အဲ့မှာ တစ်ပတ်လောက်ကြာမယ်ထင်တယ်။အဲ့တာ....ကျွင်းကျွင်းမင်းကိုယ့်ဆီလာခဲ့ရင် မသိမှာဆိုးလို့ ဖုန်းဆက်ပြောလိုက်တာ။"

ကုန်းကျွင်းနဂိုမူလအပျော်များပင်လွင့်ပျယ်သွားကာ ထိုအချိန်ဖြစ်သွားသောမျက်နှာအား အခန်းထဲမှထွက်လာသောတိုက်ခွမ်းက ရွှတ်နောက်ကာ ပြောင်သွားသည်။
သို့သော် ထိုသို့မိမိအားအသိပေးလာသည်ဟူသောခံစားချက်လေးဖြင့်ထိန်းချုပ်လျက်။

"အဲ့ကိုကောတစ်ယောက်တည်းသွားမှာလား။ဘယ်သူနဲ့သွားမှာလဲဟင်။"

"ရိုက်ကူးရေးကလူတွေနဲ့ပေါ့ ကျွင်းကျွင်းရဲ့။ပြီးတော့ယွီလန်လည်း မနေ့က ပေကျင်းပြန်ရောက်လာပြီ။အဲ့တာသူပါပါမှာပေါ့။"

ကျယ်ဟန်တစ်ယောက် မိမိနှင့်ပူပူနွေးနွေးသာသိထားသောသူတစ်ယောက်အား ခရေစေ့တွင်းကျအကြောင်းစုံရှင်းပြနေသည်။ သို့သော်ထိုသို့လုပ်သည်ကိုမိမိကိုယ်တိုင်ထူးဆန်းသည်ဟုမထင်မိ။အလွန်ရင်းနှီးနေသကဲ့သို့ပင်။

Closer To You(မြတ်နိုးမှု့ဖြင့်စတင်သည်) Zawgyi+Unicode[Completed]Where stories live. Discover now